အာရှဒေသတွင် အယ်လ်ခိုင်ဒါ ကွန်ရက်များ ချဲ့ထွင်မည့်ကိစ္စကို ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ခွဲ ကြိုဆို


အာရှတောင်ပိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့တွင် အယ်လ်ခိုင်ဒါ အကြမ်းဖက် လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း အယ်လ်ခိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ်-ဇာဝါဟီရီက ခြိမ်းခြောက်ခဲ့ခြင်းကို ကြိုဆို လိုက်ပါသည်ဟု ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ ခွဲတစ်ခုက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အယ်လ်ခိုင်ဒါ၏ အကြမ်းဖက် ကွန်ရက် နယ်မြေသစ် များအား ချဲ့ထွင်ကြောင်း (၅၅) မိနစ်ကြာ စကားပြော ခန်းကို အယ်လ်ခိုင်ဒါ ၏ မီဒီယာ ကွန်ရက် အက်-ရှာဟက်ဘ်က အွန်လိုင်း တင်လိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက် အဖွဲ့အစည်းများ၏ အွန်လိုင်း လှုပ်ရှားမှုများ ကိုစောင့်ကြည့် နေသည့် SITE အဖွဲ့က ဗီဒီယိုကို အွန်ုလိုင်း ဂျီဟတ် အဖွဲ့အစည်းများ၏ ဆိုက်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတို့တွင် မူဆလင် များစွာ နေထိုင်သော်လည်း ၎င်းတို့သည် အစဉ်အလာ အားဖြင့် အယူအဆ သင့်တင့် မျှတသော မူဆလင်များသာ ဖြစ်ကြသည်။ အယ်လ်ခိုင်ဒါ ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ပေါ့ပေါ့ ဆဆ သဘော မထားကြောင်း ပြည်နယ် အတော် များများတွင် လုံခြုံရေး နှင့် ပတ်သက်ပြီး တပ်လှုန့် ထားကြောင်း အိန္ဒိယ အာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ဖြစ်သည့် တာရီးခ်-အဲ-တာလီဘန် ပါကစ်္စတန် (TTP) ၏ အဖွဲ့ခွဲ ဂျမား-အူလ်-အာရာ အဖွဲ့မှ ပြောခွင့်ရှိသူ အာဆာနူလာ အာဆန်က အာရှတိုက်တွင် အယ်လ်ခိုင်ဒါ အဖွဲ့ နယ်ပယ် ချဲ့ထွင် လာခြင်းကို ကြိုဆိုပြီး၊ ယင်းအဖွဲ့ ခွဲသည် အာရှ တိုက်ရှိ မူဆလင်များ၏ အခွင့်အရေးများ တိုးတက် ရရှိရေးအတွက် ကြိုးပမ်းနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောဆိုခဲ့သည်။ အာဆန်သည် ကြိုဆိုသည့် စာများကို တွစ်တာနှင့် ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက်များတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်းရှိ မူဆလင်များ၏ အခွင့်အရေးကို အစ္စလာမ် ရှားရီယား ဥပဒေများ ကျင့်သုံးခြင်း နှင့် အစ္စလာမ် နိုင်ငံတော် တည်ထောင်ခြင်း တို့ဖြင့်သာ ရရှိအောင် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း အာဆန်က ပြောဆိုခဲ့သည်။

အယ်လ်ခိုင်ဒါ၏ တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့ခွဲ ခေါင်းဆောင် အာဆင်မ်အူမာသည် ပါကစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ၄င်းသည် ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် အွန်လိုင်းမှ တစ်ဆင့် လှုံ့ဆော်မှုများကို လုပ်ဆောင် ခဲ့ဖူးသူ ဖြစ်သည်။ အယ်လ်ခိုင်ဒါနှင့် TTP တို့မှ ထုတ်ပြန်သော ဗီဒီယိုဖိုင်များတွင် အနက်ရောင် ခေါင်းပေါင်း စွပ်ထားပြီး မုတ်ဆိတ် မွေးရှည် ထားရှိသော အူမာအား မြင်တွေ့ရမည် ဖြစ်သည်။

TTP တွင် အဖွဲ့ခွဲ နှစ်ခု တရားဝင် ရှိနေပြီး တစ်ဖွဲ့ကို အမေရိကန် ၏ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ခေါင်းဆောင် ဟာကီမူလာ မာဆတ် သေဆုံး ခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာတွင် ရွေးချယ် ခန့်အပ် ခံခဲ့ရသည့် မောင်လာနာ ဖက်ဇ်လူလာက ဦးဆောင်ကာ အဖွဲ့သစ် ဖြစ်သော ဂျာမား-အူလ်-အာရာ သို့မဟုတ် လွတ်လပ်ရေး တိုက်ပွဲဝင် သူများအဖွဲ့ကို အိုမာခါလစ် ချိရာဆာနီက ဦးဆောင်နေသည်။

ခါရာဆာနီသည် ယခုနှစ် အစောပိုင်းတွင် ပါကစ္စတန် အစိုးရ နှင့် တာလီဘန် များကြား အပစ်အခတ် ရပ်စဲထားစဉ် အတွင်း တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့သည့် အာရာ-အူ-ဟင်းဒ် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ခိုရာဆာနီ သည် အယ်လ်ခိုင်ဒါ နှင့် ဇာဝါဟီရီတို့ နှင့် ရင်းနှီးသော ပတ်သက်မှုများ ရှိသူတစ်ဦး ဖြစ်သည်။

ဇွန်မှစပြီး ပါကစ္စတန် စစ်တပ် သည် မြောက်ဝါဇီရစ္စတန် ဒေသရှိ TTP ခြေကုပ် စခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိနေသည်။ စစ်သွေးကြွ အဖွဲ့ ဗဟို ထိန်းချုပ်ရေးကို ဖြိုခွဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ပြောဆိုခဲ့သည်။

မေတွင် မာဆတ် မျိုးနွယ်စုသည် TTP နှင့် အဆက် အသွယ် ဖြတ်ခဲ့သည်။ မာဆတ် မျိုးနွယ်စုသည် TTP အဖွဲ့ကြီးထဲတွင် အရေး ပါသော အဖွဲ့တစ်ခု ဖြစ်ပြီး၊ ၎င်းအဖွဲ့ နုတ်ထွက် သွားခြင်းသည့် TTP အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ခဲ့သည်။

ပါကစ္စတန်သည် အယ်လ်ခိုင်ဒါ နှင့် ၎င်း၏ အဖွဲ့ခွဲများအား အကြီးအကျယ် ထိုးစစ်ဆင်မည်ဟု ဆုံးဖြတ် ထားကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောခွင့်ရှိသူ တစ်ဦးက အယ်လ်ခိုင်ဒါ၏ အာရှဒေသ ဆိုင်ရာ ကွန်ရက် ချဲ့ထွင်ကြောင်း ထုတ်ပြန် အပြီးတွင် ပြောဆိုခဲ့သည်။ 

Source:AFP
Messenger

0 comments:

Post a Comment