ကျော်ကြားလှတဲ့Batman ရုပ်ရှင်ထဲက ဇတ်လိုက်ကျော် Batman ဟာ ဂျပန်နိုင်ငံ တွင် လှည့်လည်သွားလာ လျက်ရှိတယ်လို့သိရပါတယ်။ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝထဲက တကယ်ရှိနေတဲ့Batman တစ်ယောက် ဖြစ်ပြီး လမ်းမထက်တွင် အက်ရှင်ဆန်ဆန် ဆိုင်ကယ်ကို ဟိတ်ဟန်အပြည့်နှင့် မောင်းနေတာ ဖြစ်ပါတယ်။
လူထူးဆန်းကြီး Batman ကို ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး batcycle ကိုစီးနှင်းကာ ဂျပန်နိုင်ငံက လမ်းမထက်တွင် အံ့သြဖွယ် တကယ့်လက်တွေ့မြင်ရတာပါ။ ဒါပေမဲ့တကယ့် Batman လို ခုန်ပျံကျော်လွှားနိုင်တဲ့အရည်အချင်း တော့မရှိဘဲ လူအများကို ဖျော်ဖြေရေးအဖြစ် တင်ဆက်နေတာပါ။ စူပါဟီးရိုး Batman ကို အင်မတန်မှ ရူးသွတ်သူတစ်ဦး ဖြစ်ပြီး ဖြတ်ထိုး တီထွင်ဉာဏ်လည်း ရှိကာ Batman ရဲ့ပုံတူ အဝတ်အစားများ သာမက ဆန်းပြားလှတဲ့batcycle ကိုလည်း တီထွင်ပြ နိုင်ခဲ့ပါတယ်။
Batman အစစ်နှင့် ခွဲမရအောင် ပီပြင်လှပြီး ဝတ်စုံကို အသေးစိတ်ကအစ ခိုင်ခန့်အောင်ကို ဖန်တီးထားပြီး ဒီဇိုင်းဆန်းဆန်း ဖန်တီးထားတဲ့သုံးဘီး batcycle ကို စီးနင်းကာ လူအများက ထူးဆန်းစွာ တစ်ကယ့် Batman အထင်နှင့် ငေးမောနေခဲ့ရပါတယ်။ ထူးဆန်းလွန်းလှတဲ့အတွက် Youtube အင်တာနက် စာမျက်နှာတွင် ကြည့်ရှုသူပေါင်း သန်းချီပြီး ရှိခဲ့ကြောင်း သိရပါတယ်။
Colay:Automobile




Yangon
0 comments:
Post a Comment