လုံခြုံရေးဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းများ တွင်ကျယ်စွာ သုံးစွဲလာ


လုံခြုံရေးဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာပြီး တွင်ကျယ်စွာ အသုံးပြု လာကြသည်။
ယင်းပစ္စည်းများကို Bosch, Panasonic, Samsung, Sony, Nikon, Canon, Hitachi အစရှိသည့် ကုမ္ပဏီကြီးများနှင့် အခြား နာမည်ကြီး ကုမ္ပဏီကြီးများမှ အာမခံချက် မျိုးစုံဖြင့် တင်သွင်း လာကြသည်။ ''အရင်က အပေါ်စီးက ရိုက်ကူးရေး ပြုလုပ်မယ်ဆို ကရိန်းတွေနဲ့ ပြုလုပ်ရတယ်။ အခုတော့ အောက်ကနေ ထိန်းချုပ်ရေး ကိရိယာနဲ့ ထိန်းချုပ်ပြီး ကိုယ်လိုချင်သလို ရိုက်ကူးနိုင်တဲ့ ယာဉ်ငယ်တွေလည်း ရှိနေပါပြီ။ ဒီပစ္စည်းတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြပါပြီ။ ကျွန်တော်တို့ ဆီမှာတော့ အသုံးပြုတာ နည်းသေးတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တိုင်း လုံခြုံရေး စနစ်တွေ ရှိနေသင့်တယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း CCTV တို့လို လုံခြုံရေး ပစ္စည်းတွေ ရှိနေခြင်းအားဖြင့် အမှုအခင်း ကိစ္စတွေလည်း လျော့နည်းသွားမှာပါ။ အဲဒီလို အကျိုးကျေးဇူး တွေတော့ အများကြီး ရရှိမှာပါ'' ဟု ရန်ကုန်မြို့ ၃၄ လမ်းရှိ အီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။
မြ၀တီ

0 comments:

Post a Comment