လားရှိုးနှင့် တာချီလိတ်တို့တွင် ဘိန်းဖြူဖမ်းဆီးရမိ



စက်တင်ဘာ ၃ ရက်က မူးယစ် တပ်ဖွဲ့စု (၂၄) လားရှိုး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးရထား ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လားရှိုးဘူတာတွင် လားရှိုး-မန္တလေး အမှတ် (၁၃၂)အစုန်ရထား အထက်တန်းတွဲအမှတ် (၁) ခုံအမှတ် (ဃ-၃)တွင် လိုက်ပါ မည့် မျိုးဝင်းနိုင်ဆိုသူအား ရှာဖွေရာ ဘိန်းဖြူ ၅၉ ဂရမ် သိမ်းဆည်းရမိသဖြင့် မျိုးဝင်းနိုင် (၃၅နှစ်)ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားသည်။

ထို့အတူ စက်တင်ဘာ ၃ ရက်က မူးယစ်တပ်ဖွဲ့စု (၃ဝ) တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် တာလေဘက်မှ တာချီလိတ် ဘက်သို့ ယောလှဆိုသူ မောင်းနှင် ပြီး လွင်စိုးဆိုသူ လိုက်ပါလာသည့် ဆိုင်ကယ်အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၆ဝ သိမ်းဆည်း ရမိသဖြင့် ယောလှ (၃ဝ နှစ်)နှင့် လွင်စိုး(၃၃နှစ်)တို့ နှစ်ဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိ သည်။

Myanmaalinn

0 comments:

Post a Comment