ဂိုလန်ကုန်းမြင့်ဒေသ၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ဆီးရီးယားတပ်များက စစ်သွေးကြွများကို ချေမှုန်း


ဆီးရီးယားအစိုးရတပ်များနှင့် အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ် သော အယ်လ်နူဆရာတပ်ဦး၏ စစ်သွေးကြွများသည် အစ္စရေးသိမ်း ပိုက် ဂိုလန်ကုန်းမြင့်ဒေသတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ပရက်စ်တီဗွီသတင်းတွင် ဖော်ပြ သည်။

ဒမတ်စကတ်အစိုးရက ပြည်ပ ကျောထောက်နောက်ခံ သေနတ် သမားများအား တိုက်ခိုက်နေချိန် အဆိုပါတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဆီးရီးယားတပ်ဖွဲ့ဝင်များ နှင့် အယ်လ်နူဆရာတပ်ဦး စစ် သွေးကြွများသည် ဒမတ်စကတ် တောင်ဘက် ၃၇ မိုင်အကွာ ကျူနီ ထရာမြို့ အနောက်တောင်ပိုင်း၌ လွန်ခဲ့သော သီတင်းပတ်က ကုလ သမဂ္ဂအဖွဲ့အသုံးပြုနေသည့် နယ်စပ် ဂိတ်ကို အဆိုပါအကြမ်းဖက်သမား များက ထိန်းချုပ်ထားချိန်မှ စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ 
တိုက်ပွဲအတွင်း ဆီးရီးယား မဟုတ်သော စစ်သွေးကြွအများဆုံးသေဆုံးသွားခဲ့ကြောင်း၊ အမေ ရိကန်တစ်ဦးလည်း ပါဝင်ကြောင်း၊ ဆီးရီယားလူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့က ပြောသည်။

ကြာသပတေးနေ့တွင် ကျူနီ ထရာဆင်ခြေဖုံး၌ တိုက်ပွဲပြင်းထန် ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင်များ လည်း သေဆုံးခဲ့သည်။ ပြည်ပကျော ထောက်နောက်ခံ သေနတ်သမား များကအဆိုပါဒေသကို ထိန်းချုပ် ရန် ကြိုးစားချိန် တိုက်ပွဲဖြစ်ပွားရ ခြင်းဖြစ်သည်။

''စစ်သွေးကြွတွေဟာ မဟာ ဗျူဟာကျတဲ့ ကဲလ်မာရှာရာနဲ့ ရှာအာ တောင်တန်းဒေသကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒီလိုလုပ်နေတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လုပ်နေတာတော့ကြာပါပြီ။ 

သူတို့သာ တောင်ထိပ်ရောက်သွားမယ်ဆိုရင် ဒီနယ်တစ်ဝိုက်ကိုတော့ သူတို့ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်ကြိုးစားမှု အားလုံးဟာ မအောင်မြင်ခဲ့ပါဘူး'' ဟု ဆီးရီးယား စစ်ဘက်အရာရှိတစ်ဦးက ပရက်စ် တီဗွီသို့ ပြောကြားသည်။ 

(ပရက်စ်တီဗွီ)

0 comments:

Post a Comment