လမ်းဘေးထနောင်းပင် ရုတ်တရက် ပြိုလဲကျရာမှ ဘုရားဖူးယာဉ်ပေါ်ပိလေးဦး သေဆုံး၊ ဆယ်ဦးဒဏ်ရာရ


ကားလမ်း ဘေးရှိ ထနောင်းပင်တစ်ပင် ရုတ် တရက် အမြစ်မှ ပြိုလဲကျရာမှ လမ်း မကြီးအတိုင်း မောင်းနှင်လာသော ဘုရားဖူးယာဉ်ပေါ်ပိမိ၍ ယာဉ်ပေါ် ပါ လူလေးဦး နေရာတွင်ပင် သေ ဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်တစ်ခု စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရေပိုစားကျေးရွာဘုန်းကြီးကျောင်း အနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မန္တလေးမြို့မှ မုံ ရွာမြို့သို့ ဘုရားဖူးရန် ထွက်ခွာလာ သည့် ဘုရားဖူးယာဉ်အမှတ် ၇င်္/ ----ဒိုင်နာဖြူပြာကျားယာဉ်သည် စက်တင်ဘာ ၅ရက် နံနက် ၁၁နာရီက ချောင်းဦးမြို့နယ် ရေပိုးစားဘုန်း ကြီးကျောင်းအနီး မိုင်တိုင်အမှတ် (၆ဝ/၁)နှင့် (၆၁/၁)ကြား အရောက် တွင် လမ်းဘေးထနောင်းပင် တစ်ပင် ယာဉ်ပေါ်သို့ ပြိုလဲကျလာမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားလေးဦး သေဆုံးပြီး ကျန် ၁ဝဦးမှာ မြင်းမူမြို့ ဆေးရုံကြီးနှင့် ချောင်းဦးမြို့ဆေးရုံ ကြီးတို့သို့ ပို့ဆောင်ကုသခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မုံရွာ-မန္တလေးကားလမ်း ပိတ်ဆို့ခဲ့သဖြင့် တာဝန်ရှိသူများမှ ထနောင်းပင်နှင့် ယာဉ်တို့အား အမြန်ဖယ်ရှားရှင်း လင်းပေးခဲ့ရကြောင်း မုံရွာမြို့ အမှတ် (၁၄)ယာဉ်ထိန်းဒုတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်း ဦးမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ် (၂/၂ဝ၁၄)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

KTS
Democracytoday‬

0 comments:

Post a Comment