ဂျပန်နိုင်ငံတွင်ကျင်းပမည့် Miss International Beauty Pageant 2014 သို့ မေဘရဏီသော်ကို စေလွှတ်မည်ဟု သိရ


မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှကြီးမှူးကျင်းပသော Miss Myanmar 
International 2014 ပြိုင်ပွဲတွင် 1st Runner Up ရှိခဲ့သော မေဘရဏီသော်
အား ဂျပန်နိုင်ငံ ၊တိုကျိုမြို့တွင်ကျင်းပမည့်Miss International Beauty 
Pageant 2014 သို့စေလွှတ်ရန်စာချုပ်ချုပ်ဆိုခြင်းနှင့်စလွယ်ပေးအပ်ခြင်းကို 
ယနေ့မနက်ပိုင်းက စင်ထရယ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

"ကိုယ့်နိုင်ငံရဲ့ကိုယ်စားပြုအနေနဲ့သွားရောက်ရမှာဆိုတော့ အတက်နိုင်ဆုံး 
ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်၊ အဓိကကတော့ ကိုယ်နေထိုင်တဲ့ 
နိုင်ငံအကြောင်းအရာတွေကို ပိုင်ပိုင်နိုင်နိုင်သိပြီး နိုင်ငံတကာကသိအောင် 
ပြန်ပြီးရှင်းပြနိုင်ဖို့အတွက်ပိုပြီးဂရုစိုက်လေ့လာထားပါတယ်၊ အကောင်းဆုံး 
ယှဉ်ပြိုင်နိုင်အောင်လည်းကြိုးစားထားပါတယ်''ဟု မေဘရဏီသော်က
ပြောသည်။

ထိုပြိုင်ပွဲများသို့စေလွှတ်ယှဉ်ပြိုင်စေခြင်းသည် မြန်မာနိုင်ငံ ခရီသွားလာရေး 
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေပြီးမိမိတို့နိုင်ငံကို နိုင်ငံတကာက 
ပိုမိုသိရှိလာကာလာရောက်လည်ပတ်မှုများပိုမိုများပြားစေရန် ရည်ရွယ်၍ 
စေလွတ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ 
အထွေထွေအတွင်းရေးမှူး ဦးခင်အောင်ထွန်းကပြောသည်။

"ကျွန်မတို့နိုင်ငံမှာ အရည်အချင်းရှိတဲ့အမျိုးသမီးလေးတွေ အများကြီး 
ပေါ်ထွန်းစေချင်တယ်၊ အလှအပထက်စာရင် ဥာဏ်ရည်ဥာဏ်သွေးရော 
ကိုယ်ရည်ကိုယ်သွေး ပါ ဘက်ပေါင်းစုံက ပြည့်စုံတဲ့အမျိုးသမီးလေးတွေကို 
မွေးထုတ်ပေးချင်ပါတယ်၊ အရင် နှစ်တွေက လုပ်ခဲ့တဲ့အတွေ့အကြုံတွေကို 
ယူပြီးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ''ဟု Miss Myanmar 
Management Committe ဥက္ကဋ္ဌ ဒေါ်တင်မာမြင့် ကပြောသည်။

မြန်နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့မှကြီးမှူး ကျင်းပသော Miss Myanmar 
International ပြိုင်ပွဲအား ၂၀၁၂ခုနှစ်မှစတင်၍၃နှစ်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး 
နှစ်စဉ် ပြည်ပနိုင်ငံများသို့စေလွှတ် ယှဉ်ပြိုင်လျက်ရှိရာ ယခုဂျပန်နိုင်ငံသို့ 
စေလွှတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
The Myanma Age

0 comments:

Post a Comment