ကမ္ဘာ့ အရှည်ဆုံး လက်ရမ်း လှေကားထစ် ပြေးပွဲ


ဆွစ်ဇလန်နိုင်ငံမှာ ရှိတဲ့ လက်ရမ်းလှေကား ထစ်တွေဟာ အလွန် ရှည်လျားတာမို့ ကမ္ဘာ့ စံချိန်တင်ရှိထား ပါတယ်။ ဒီနေရာကို Niesen လို့လည်း ခေါ်ဆိုကြပြီး အချို့ကတော့ ဆွစ်ဇာလန် ပိရမစ် လို့လည်း နောက်ပြောင် ခေါ်ဆိုကြ ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကြိဂံ ပုံစံဖြစ်နေတာ ကြောင့်ပါ။ လက်ရမ်း လှေကားထစ် အရှည်ဟာ (၃ ဒသမ ၄) ကီလိုမီတာ အထိရှိပြီး လှေကား ထစ်ပေါင်း (၁၁၆၇) ခုအထိရှိ ပါတယ်။ ပေပေါင်း (၂၃၆၃) မီတာ အထိရှိတဲ့ တောင်ကို အနီးဆုံးသွားလာ နိုင်အောင် လှေကားထစ်တွေ တပ်ဆင်ပေးထားခြင်း ဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး လက်ရမ်းလှေကား အဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ဒီလှေကားထစ် တွေကို လုံခြုံရေး ဆိုင်ရာ အကြောင်းပြချက်ကြောင့် တက်ခွင့် ပေးလေ့ မရှိပါဘူး။ ဒါပေမယ့် တစ်နှစ်တစ်ခါ ပြိုင်ပွဲလုပ်တဲ့အခါ တက်ရောက်ခွင့်ရလေ့ရှိပါ တယ်။ နှစ်စဉ်ဇွန်လ ကိုရောက်တဲ့အခါတိုင်း ဒီနေရာမှာ ကမ္ဘာ့ အရှည်ဆုံး လက်ရမ်း လှေကားထစ် ပြေးပွဲ ကျင်းပလေ့ ရှိပြီး၊ ပြိုင်ပွဲဝင် (၅၀၀) ဦးခန့် ယှဉ်ပြိုင်လေ့ ရှိပါတယ်။ အမျိုးသားပြိုင်ပွဲမှာ စံချိန်တင်ထား တာက (၁) နာရီ၊ (၂) မိနစ်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲ မှာ စံချိန်တင်ထားတာ ကတော့ (၁) နာရီ၊ (၉) မိနစ် ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ခါသာ ကျင်ပတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲဝင်လို သူတွေဟာ ကြိုတင် စာရင်းပေး သွင်းထားဖို့ လိုအပ် ပါတယ်။ လှေကားထစ်တွေကို တက်ရာမှာ ရှည်လျားလွန်းတာမို့ ပင်ပန်းမှာ ဖြစ်ပေမယ့် လှပတဲ့ ရှုခင်းတွေက အားလုံးက မေ့ပျောက် စေတာမို့ နှစ်စဉ်ပြိုင်ပွဲဝင် သူတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
Messenger

0 comments:

Post a Comment