မစ္စအင်တာနေရှင်ပြိုင်ပွဲ မေဘရဏီသော်ပြိုင်မည်


ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲသို့ မစ္စမြန်မာအင်တာ
နေရှင်နယ် ကိုယ်စားပြုအဖြစ် 1st runner upဆုရှင် မေဘရဏီသော်အား 
အောက်တိုဘာ၂၆ ရက်တွင် သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်တော့မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်အောင်
ထွန်းက အောက်တိုဘာ ၁၆ ရက်၌ ပြောဆိုခဲ့သည်။

ယင်းပြိုင်ပွဲကြီးသို့ သွားရောက် ယှဉ်ပြိုင်ရမည့် မစ္စမြန်မာအင်တာနေရှင်နယ်ပြိုင်ပွဲကို မြန်မာ
နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့ရာတွင် ၂၀၁၄ ခုနှစ်အတွက် သရဖူရ အလှမယ်
ခင်ဝေဖြိုးဟန်က ပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ရမည့်အချိန်တွင် အသက် (၁၈) နှစ်ပြည့်ရန် လိုအပ်
နေသေးသည့်အတွက် ယခုယှဉ်ပြိုင်ခွင့်ကို ၁ျအမကညညနမ ကစဆုရှင်အား ယှဉ်ပြိုင်ရန် ပြောင်းလဲ
ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'အခုလိုမျိုးဖြစ်သွားတဲ့ အပြောင်းအလဲကြောင့် နောက်ထပ် အလှမယ်တစ်ဦးကို အချိန်မီ
ပြောင်းလဲ ယှဉ်ပြိုင်စေတဲ့အတွက် လေ့ကျင့်ချိန်နည်းတာကအစ ဘာသာစကားအဆုံး အနည်းငယ်
တော့ အားနည်းချက်တွေရှိနိုင်ပေမယ့် ပြိုင်ပွဲမှာမြန်မာကိုယ်စားပြု အလှမယ်တစ်ဦးအနေနဲ့
အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်' ဟု ဦးခင်အောင်ထွန်းက ပြောဆိုသည်။

သွားရောက်ယှဉ်ပြိုင်မည့် 1st runner up ဆုရှင် မေဘရဏီသော်
ကလည်း 'ညီမအနေနဲ့ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရမယ်လို့ သိလိုက်တဲ့
အချိန်မှာ ညီမအတွက် ပြင်ဆင်ဖို့ကတစ်လလောက်ပဲ အချိန်ကျန်ပါတော့
တယ်။ လက်ရှိမှာတော့ ပြင်ဆင်မှုတွေလုပ်နေသေးပေမယ့် လိုအပ်ချက်တွေ
ရှိနေပါသေးတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံဂုဏ်ကို အတတ်နိုင်ဆုံး
မြှင့်တင်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်' ဟု ပြောဆိုသည်။

မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကအလှမယ်မေဘရဏီသော်ကို အောက်တို
ဘာ ၁၆ ရက်တွင် မစ္စမြန်မာ အင်တာနေရှင်နယ်စလွယ်ကို လွှဲပြောင်းပေးခဲ့ပြီး
အလှမယ်နှင့် အဖွဲ့ချုပ်အကြားတွင်တစ်နှစ်သက်တမ်းစာချုပ်ကိုလည်း ချုပ်ဆို
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစာချုပ်တွင် အလှမယ်အနေဖြင့် စာချုပ်သက်တမ်းအတွင်း
အနုပညာလုပ်ငန်းများကို လုပ်ကိုင်ပါကအနုပညာကြေး ကျပ်၁၀ သိန်းအထက်
ဖြစ်ပါက အလှမယ်က ၇၀ ရာခိုင်နှုန်းနှင့်အဖွဲ့အစည်းက ၃၀ ရာခိုင်နှုန်းကို ရရှိ
မည်ဆိုသည့် သဘောတူညီချက်ပါရှိကြောင်း သိရသည်။
စံတော်ချိန်

0 comments:

Post a Comment