ဝါနေတဲ့သွားတွေဖြူသွားစေဖို့အတွက် လွယ်ကူသောနည်းလမ်းများ



၁။ မုန့်ဖုတ်ဆိုဒါ


ရေနွေးအနည်းငယ် ဆိုဒါအနည်းငယ်ကို ရောစပ်ပြီး နေ့စဉ်သုံးကြိမ်ခန့် ခံတွင်းနှင့် သွားတွေကို ဆေးကြောပေးခြင်းဖြင့် သိသိသာသာ ဖြူဖွေးလာမှာပါ။

၂။ စတော်ဘယ်ရီသီး

ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးဟာ သင့်သွားကြွေလွှာတွေဖြူဖွေးဖို့အတွက် အထောက်အကူပေးပါတယ်။ သွားတွေကို စတော်ဘယ်ရီသီးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် တိုက်ပေးခြင်းဖြင့် သွားတွေကို ဖြူဝင်းတောက်ပလာစေပါမယ်။

၃။ သံပုရာသီး

သံပုရာသီးမှာ သွားတွေကို ခိုင်ခန့်စေဖို့နဲ့ ဖြူစင်စေဖို့ အစွမ်းသတ္တိတွေ များစွာပါရှိပါတယ်။ သံပုရာသီးကို အရည်ညှစ်ယူပြီး ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောစပ်ပြီး ပလုပ်ကျင်းပေးခြင်းဖြင့် သွားများဖြူစင် လာစေပါမယ်။ ဒါ့အပြင် သွားတွေကို သံပုရာသီးရဲ့ အခွံနဲ့ပွတ်ပေးခြင်းဖြင့် သွားတွေကိုဖြူဖွေးစေဖို့ အထောက်အကူပေးပါတယ်။

၎။ လိမ္မော်ခွံ

ဗီတာမင်စီနဲ့ ကယ်လ်စီယမ်မြောက်များစွာပါဝင်ပါတယ်။ ညအိပ်ရာမဝင်မီ လိမ္မော်ခွံနဲ့ သွားတွေကိုပွတ်တိုက်ပေးပြီး မနက် အိပ်ရာထချိန်မှာ သွားတိုက်ပေးခြင်းဖြင့် သွားတွေဖြူစင်စေပြီး ပိုမိုခိုင်မာလာစေမှာပါ။

၅။ ငှက်ပျောသီးအခွံ

ငှက်ပျောသီးရဲ့ အခွံမှာပိုတက်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် သွားတွေကို ပိုမိုခိုင်မာစေပါတယ်။ တစ်နေ့နှစ်ကြိမ် ငှက်ပျောသီးအခွံနဲ့ သွားတွေကို ငါးမိနစ်ခန့် ပွတ်တိုက်ပေးပါ။

၆။ မီးသွေး

ရှေးယခင်က လူတွေ သွားတိုက်ရာမှာ မီးသွေးကို အသုံးပြုခဲ့ကြပါတယ်။ မီးသွေးမှာပါဝင်တဲ့ ကမ်မစ်ကယ်က သွားတွေကို ဖြူဖွေးစေပါတယ်။ သင်နေ့စဉ်သွားမတိုက်ခင်မှာ သွားတွေကို မီးသွေးဖြင့်ပွတ်တိုက်ပေးခြင်းဖြင့် အဝါရောင်တွေကို ဖယ်ရှားနိုင်ပါတယ်။

0 comments:

Post a Comment