အိန္ဒိယ နိုင်ငံ ကိုးလ်ကတ္တားမြို့မှ အသက် ၆၂နှစ်အရွယ်ရှိ မစ္စတာရှက်ယားရန် ဂျန်ဆင်းသည် Universal Brotherhood လှုပ်ရှားမှုအဖြစ် မြန်မာ နိုင်ငံတွင် ၂၃ရက်ကြာ စက်ဘီးဖြင့် လှည့်လည်ရန် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ သည်။
မစ္စတာဆင်းသည် ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ နေပြည် တော်၊ တောင်ကြီး၊ မန္တလေး၊ မြစ် ကြီးနားနှင့် အိန္ဒိယနယ်စပ် (စစ် တကောင်း) မြို့များထိ စက်ဘီးဖြင့် လှည့်လည်သွားမည်ဖြစ်ပြီး အောက် တိုဘာ ၁၆ရက်က ရန်ကုန်မြို့တွင် စတင်လှည့်လည်လျက်ရှိသည်။
''ကျွန်တော် မြန်မာနိုင်ငံအနှံ့ ကို စက်ဘီးနဲ့ လည်ပတ်မှာပါ။ တစ် နေ့ကို ကီလိုမီတာ ၁ဝဝကနေ ၁၅ဝကြားနင်းပြီး သွားမယ်။ ရောက် တဲ့နေရာမှာ အိပ်မယ်။ အဓိက က Universal Brotherhood စိတ်ဓာတ် ကို မြန်မာပြည်သူတွေကို ပြချင် တယ်။ ကျွန်တော်တို့  အားလုံးဟာ လူမျိုး၊ အသားအရောင်နဲ့နိုင်ငံတွေ ကွဲပြားနေပေမယ့် အားလုံးဟာ လူ သားတွေမို့ ညီရင်းအစ်ကိုတွေပါပဲ။ ဒါကြောင့် မြန်မာပြည်ကို ကျွန်တော် တို့ အိန္ဒိယသားတွေလာလည်သလို အိန္ဒိယကိုလဲ မြန်မာပြည်သူတွေ လာလည်ပြီး အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနဲ့ သင့်သင့်မြတ်မြတ် နေ ထိုင်သွားချင်ပါတယ်။ အဆုံးမရှိ တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လူသား အားလုံးဟာ ညီအစ်ကိုတွေပါပဲဆို တာ မြန်မာပြည်သူတွေကို သိစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို စက်ဘီးစီးပြတာပါ'' ဟု မစ္စတာ ရှက်ယားရန်ဂျန်ဆင်းက ဒီမိုကရေစီ တူဒေးသို့ ပြောကြားခဲ့သည်။
ယင်းသို့လှည့်လည်စဉ် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအ တွက် ရည်ရွယ်ကာ သူ၏ စက် ဘီးတွင် နှစ်နိုင်ငံအလံငယ်ကို စိုက် ထူထားမည်ဟု ယင်းက ဆက်လက် ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်း မစ္စတာ ဆင်းသည် Universal Brotherhood စိတ်ဓာတ် မြှင့်တင်ရေး လှုပ် ရှားမှုအဖြစ် ထိုင်း၊ လာအို၊ ဗီယက် နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် စက်ဘီးဖြင့် လှည့်လည်သွားရောက် ခဲ့ကြောင်း သိရသည်။
မစ္စတာဆင်းသည် နိုဝင်ဘာ ၅ရက်နေ့တွင် ရန်ကုန်မြို့ မှ ထိုင်း နိုင်ငံသို့ သွားရောက်မှာဖြစ်ပြီး ထိုမှ တစ်ဆင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တား သို့ ပြန်မည်ဟု သိရသည်။
MN
Democracytoday

Yangon
0 comments:
Post a Comment