Honey Suckle လဖက်ရည်က တုပ်ကွေး နှင့် အီဘိုလာဗိုင်းရပ်စ် ကို တိုက်ဖျက်နိုင်ဖွယ်ရှိ

ဗိုင်းရပ်စ်မျိုးစုံကို သတ်ဖြတ်မည့် Honey Suckle အပင်


တရုတ်နိုင်ငံ နန်ကျင်း တက္ကသိုလ် မှ သုတေသီများက Honey Suckle အပင် (ပုံ)တွင် တွေ့ရသော မော်လီကျူး ထဲတွင် ဗိုင်းရပ်စ်ပိုးကို သတ်ဖြတ် ပေးနိုင်သော ဓာတ်တစ်မျိုးကို တွေ့ရှိခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဗိုင်းရပ်စ် ပိုးသတ် ပင်နီဆီလင် ဟု အမည်ပေး ထားပြီး တုပ်ကွေး (အေ) အမျိုးအစား အပြင် အီဘိုလာ ဗိုင်းရပ်စ် ကိုလည်း သတ်ဖြတ် နိုင်ဖွယ်ရှိကြောင်း သိရသည်။

ရနံ့ချိုအီ မွှေးကြိုင်သော Honey Suckle အပင်ကို တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး များတွင် တုပ်ကွေး ဖျားနာအတွက် အသုံးပြု နေခဲ့သည်မှာ ရာစုနှစ်နှင့် ချီနေပြီး တုပ်ကွေး ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင် သည်မှာ လက်တွေ့ပင် ဖြစ်သည်။

ံHoney Suckle တွင် ပါဝင်သော Micro RNA သည် အပင်နှင့် တိရစ္ဆာ န်များတွင် တွေ့ရတတ်သော ရောဂါ တိုက်ဖျက်ရေး မော်လီကျူး များနှင့် ဆင်တူသည်။ ယင်း Micro RNA ကို အသုံးပြုကာ ဗိုင်းရပ်စ်ပိုး ကူးစက် ရောဂါများ ဖြစ်သော ဝက်တုပ်ကွေး (H1N1) နှင့် ငှက်တုပ်ကွေး(H5N1) တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။

သုတေသီများက Honey Suckle ကို ကျိုချက်ကာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံထား ရသော ကြွက်များ၏ ပလာစမာနှင့် အဆုတ် တစ်သျှူးများထံ ပေးပို့ကြည့်သော အခါ RNA က ဗိုင်းရပ်စ်ပိုး၏ ဗီဇဓာတု ပစ္စည်းကို ချက်ချင်း ချေဖျက် လိုက်နိုင်ပြီး ပိုးဆက်လက် ကူးစက်မှု မရှိအောင် ဟန့်တား ထိန်းချုပ် ပေးနိုင်ကို တွေ့ရှိခဲ့ ကြသည်။

သဘာဝ Honey Suckle အပြင် ဓာတ်ခွဲခန်းတွင် ပုံတူပွား ပြုလုပ်ထားသော Honey Suckle သည်လည်း တူညီသော ဓာတ်သတ္တိ ရှိသည်ကို တွေ့ရှိခဲ့ကြပြီး H5N1 အပြင် H7N9 ဟုခေါ်ဆိုသည့် အခြား တုပ်ကွေးပိုး ကိုလည်း နိုင်နင်းသည်ကို တွေ့ရသည့် အတွက် Honey Suckle ပါ RNA သည် ဗိုင်းရပ်စ်ပိုး မျိုးစုံကို သတ်ဖြတ် နိုင်ကြောင်း ကောက်ချက်ချ နိုင်ခဲ့သည်။

Honey Suckle ကို ကျိုချက်လျှင် RNA ဓာတ်သတ္တိ လျော့ပါး သွားမည်ဟု မူလက တွေးထင်ထားခဲ့ ကြသည်မှာ မဟုတ်မှန်ဘဲ Honey Suckle ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင် ခတ်သောက် လျှင်ပင် ဗိုင်းရပ်စ်ပိုး မျိုးစုံ ကို နိုင်နင်းသည့် အစွမ်းသတ္တိ ရှိသည်ကို သုတေသီများက တွေ့ရှိ ခဲ့ကြသည်။

သို့ဖြစ်၍ Honey Suckle တွင် ပါရှိသော RNA ကို ဗိုင်းရပ်စ်ပိုး မျိုးစုံအား သတ်ဖြတ်နိုင်သော ပင်နီဆီလင် အဖြစ် ထုတ်လုပ် အသုံးပြု သွားရန် သက်ဆိုင်ရာ သုတေသီများ က ကြိုးပမ်း နေကြပြီ ဖြစ်ပြီး ရရှိလာမည့် ဆေးဝါးဖြင့် အီဘိုလာ ဗိုင်းရပ်စ် ကိုလည်း သတ်ဖြတ် ကြည့်မည် ဖြစ်ကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment