တမလွန်ကနေ Message ပို့လာလေသလား



ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ သူ့ အဖွားကို မြေမြှုပ် သင်္ဂြုလ်တော့ မိုဘိုင်းဖုန်းကော၊ ကဒ်ကောကိုပါ ထည့်ပေးလိုက်ပါတယ်။ မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာပဲ မြေးမလေး ဖြစ်သူက အဖွားကို လွမ်းလွန်းလို့ မရှိတော့မှန်း မသိပေမယ့် စာပို့မိတယ်။ ယင်းကိုလည်း တစ်ဖက်ကနေ လိမ္မာအောင် နေပါ၊ ကျန်းမာအောင် နေပါ အစရှိသဖြင့် ရေးပြီး ပြန်ပို့လာသတဲ့။ ဒါနဲ့ပဲ အံ့သြ ကြောက်လန့်သွားရတဲ့ အမျိုးသမီးဟာ တယ်လီဖုန်း အော်ပရေတာ ဖြစ်သူ O2 ကို ဆက်သွယ်ပါ တော့တယ်။ 

မြန်မာပြည်မှာဆိုရင် MPT, Ooredoo တို့လို တယ်လီဖုန်း အော်ပရေတာ ဖြစ် တဲ့ ဗြိတိန်က O2 ဟာ ဒီအတွက် ဖြေရှင်းချက် ပေးရ ပါတော့တယ်။ O2 မှာ terms and condition အရ သုံးနှစ်လောက် မသုံးပဲ နံပါတ်တစ်ခုဟာ ကြာသွားရင် နံပါတ်ကို အခြား လူတစ်ယောက်ဆီသို့ ပြန်ရောင်း ပါတယ်။ ဒါပေမယ့် ယခု ဖြစ်တဲ့ ကိစ္စမှာ သုံးနှစ်မကြာပဲ ရက်ပိုင်းလေးတင် အခြားတစ်ယောက်ကို ရောင်းမိတဲ့ ဖြစ်ရပ် ဖြစ်သွားခြင်း ဖြစ်ပြီး ယခင် ဖုန်းပိုင်ရှင်ကို အံ့သြတုန်လှုပ် သွားစေပါတယ်။ မသိရင် တမလွန်ကနေ စာပို့ လေသလား လို့တောင် အောင့်မေ့စေမှာ ဖြစ်ပါတယ်။ 

ဒီအတွက် O2 မှာ တောင်းပန်ထားပြီး နောက်နောင် မဖြစ်စေရဘူးလို့ ကတိပေး ထားပါတ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment