မော်ရင်ဟို၏ ဝေဖန်မှုကြောင့် ခြေစွမ်း ပိုကောင်းလာဟု အီဒင်ဟားဇက်ကပြော



နည်းပြဟိုဆေးမော်ရင် ဟို၏ ဝေဖန်ပြောဆိုမှုများမှာ မိမိ ကို ပိုကောင်းသော ကစားသမား ဖြစ်လာရန် အထောက်အကူဖြစ်စေသည်ဟု ချယ်လ်ဆီးတိုက်စစ် မှူး အီဒင်ဟားဇက်ကပြောသည်။

ဘယ်လ်ဂျီယမ်လက်ရွေး စင်ဟားဇက်သည် ပြီးခဲ့သည့် ရာ သီက ပေါ်တူဂီနည်းပြ၏ လက်အောက်တွင် တောက်ပခဲ့သူဖြစ် သည်။

ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ရွေးချယ်ဝေ ဖန်ခံခဲ့ရသော်လည်း မော်ရင်ဟို အပေါ် လေးစားမှုကြီးမားဆဲဖြစ် ကြောင်း ဟားဇက်က ဆိုသည်။ မော်ရင်ဟို၏ အချစ်ကြမ်းသော ပုံစံမှာ မိမိ၏ အလားအလာကို ဖွင့်ထုတ်ပေးနိုင်သည်ဟု ယုံကြည်ကြောင်းဘယ်လ်ဂျီယမ်လက်ရွေး စင်က ပြောသည်။

‘‘လေးစားမှုတွေ အများကြီး ရှိပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြပါ။ ကျွန် တော့်ကို ယုံကြည်မှုအများကြီးရ စေပါတယ်’’ဟု ဟားဇက်က ပြောကြားပြီး မော်ရင်ဟိုနှင့် ကစားသမားများကြား အပြင်းထန်ဆုံး ပေါက်ကွဲမှုများမှာ အ၀တ်လဲခန်းအတွင်း၌သာပြီးဆုံးသွားသည်ဟု ၎င်းကဆက်လက်ပြောသည်။

ReF:Goal

0 comments:

Post a Comment