အမေရိကန် ပြည်ထောင်စု အနှံ့ သွားရောက်ပြီး ဆိုဖာ ထိုင်ခုံပေါ် ထိုင်ကာ ဓာတ်ပုံ ရိုက်ခဲ့တဲ့ သူငယ်ချင်း (၃) ဦး


တက္ကသိုလ် အတူ တက်ခဲ့တဲ့ သူငယ်ချင်း သုံးဦးဟာ အမေရိကန် ပြည်ထောင်စု အနှံ့ သွားရောက် လည်ပတ်ဖို့ စီစဉ်ပြီးတဲ့နောက် ထူးခြား အစီအစဉ် အချို့ကို ထည့်သွင်းခဲ့ပါ တယ်။ အသက် (၂၅)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဘက်ကာနဲ့ ဖူဟာမန်း၊ အသက် (၂၄)နှစ် အရွယ်ရှိ ဖီနီတို့ဟာ သူတို့ မွေးဖွားရာ အမေရိကန် ပြည်ထောင်စု တစ်ဝှမ်း လည်ပတ်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း ဗင်ကားတစ်စီး ၀ယ်ယူခဲ့ပါတယ်။ အဲဒီကားနဲ့ ဗားမွန့် ကနေ ခရီးစဉ်ကို စတင်ခဲ့ပြီး၊ မက်ဆာချူးဆက် ပြည်နယ်မှာ အဆုံးသတ်ခဲ့ ပါတယ်။ သွားလာခဲ့တဲ့ ခရီးမိုင် အကွာအဝေးက မိုင်ပေါင်း (၁၈၀၀၀) အထိရှိခဲ့ ပါတယ်။ ကား တစ်စီးနဲ့ ခရီးစဉ်ကို အေးဆေးစွာ သွားလာခဲ့ပြီး၊ စုစုပေါင်း လေးလကြာမြင့်ခဲ့ ပါတယ်။ ထူးခြားတာက ခရီးတစ်ထောက် နားတဲ့ နေရာမှာ ဆိုဖာထိုင်ခုံ ပေါ်ထိုင်ကာ သူငယ်ချင်း သုံးဦး ဓာတ်ပုံ ရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။ ဘယ်နေရာကို ရောက်ရောက် ဆိုဖာထိုင်ခုံနဲ့ ဓာတ်ပုံရိုက်ခြင်းကို အမြဲပြု လုပ်တာမို့ ထူးခြားတဲ့ ဓာတ်ပုံတွေ ရရှိလာ ပါတယ်။ ဓာတ်ပုံ တွေကို Selfies ရိုက်ကူးခြင်း ဖြစ်ပါတယ်။ လမ်းခရီးမှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် လွှင့်တင်ခဲ့ပါတယ်။ သူငယ်ချင်း ဖြစ်သူ ဖူဟာမန်းကျောရိုး ဒဏ်ရာ ပြင်းထန်စွာရ ပြီးတဲ့နောက် ပြန်လည် သက်သာတဲ့ အထိမ်းအမှတ် အနေနဲ့ ခရီးသွား လာမှုပြုလုပ်ခြင်း ဖြစ်ပါတယ်။ သူတို့ စီးတဲ့ကားကို ဒေါ်လာ (၂၀၀၀) ၀န်းကျင်နဲ့ ၀ယ်ယူပြီး ဆိုဖာ ထိုင်ခုံကို တင်ကာ ခရီးသွားလာခဲ့ခြင်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ နေရာ အချို့မှာ ဆိုဖာထိုင်ခုံနဲ့ အတူ ဓာတ်ပုံ ရိုက်ခံဖို့ အခက်အခဲတွေ ကျော်လွှားပြီး သယ်ဆောင်ခဲ့ရ သလို၊ ညအိပ်တဲ့ အခါမှာလည်း ဆိုဖာ ထိုင်ခုံကို ကားအပြင်ကို ပြန်ထုတ်ရလေ့ရှိ ပါတယ်။ ဒါပေမဲ့ သူတို့ သူငယ်ချင်း သုံးဦးဟာ ခရီးစဉ်ကို ပျော်ရွှင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
Messenger

0 comments:

Post a Comment