Ooredoo က 1MB ၂၅ ကျပ်အစား 1MB ကို ၁၀ကျပ်ပြောင်းလိုက်ပါပြီ


အူရီဒူးမြန်မာမှ အင်တာနက်အသုံးပြုခ ကို ယခင်ကောက်ခံနေတဲ့
1 MB ၂၅ကျပ်အစား 1MB ကို ၁၀ကျပ်ပြောင်းလဲကောက်ခံမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်၁၅ ရက်ဆင်းကတ်စတင်ရောင်းချချိန်က စပြီး ဆင်းကတ်ပေါင်း တစ်သန်းကျော်ရောင်းချပြီး ဖြစ်ပါတယ်။
တရားဝင်စတင်ရောင်းချချိန်တွင် လူဦးရေ ၇.၈ သန်းကိုသာ
ကွန်ယက်လွှမ်းခြုံ နိုင်ခဲ့ ပေမယ့် ယခုအချိန်မှာ လူဦးရေ ၉ သန်းနီးပါး
ကွန်ယက် ရရှိနေပြီလို့ သိရပါတယ်။
ရန်ကုန်မြို့မှာ တာဝါတိုင် ၂၀ ထပ်မံတိုးချဲ့ခဲ့ပြီး သရက်| သာယာဝတီ| တောင်ငူနှင့် ပြင်ဦးလွင်မြို့များကို ပါကွန်ယက်လွှမ်းခြုံထားပြီလို့ သတင်းထုတ်ပြန်ပါတယ်။


Author ရဲလင်းလင်းသန်း
Kumudra

0 comments:

Post a Comment