ချယ်ဆီးတိုက်စစ်မှုးဖြစ်သူ ဖာနန်ဒိုတောရက် သည် အေစီမီလန်အသင်းဆီသို့ 
(၂)နှစ်အဌား စာချုပ်ဖြင့် ကစားရန် သဘောတူညီမှုရခဲ့ပြီဟု အတည်ပြုချက်ထွက်လာ သည်။ စနေနေ့တွင် ဆေးစစ်မှုခံယူပြီးနောက် 
အေစီမီလန်ဝတ်စုံဖြင့် တောရက်အားမြင်တွေ့ရတော့မည်ဖြစ်သည်။ 
တောရက်သည် လီဗာပူးမှ ပေါင် ၅၀ သန်းဖြင့်ပြောင်းရွေ့ လာပြီးနောက်
ချယ်ဆီးအတွက် ၁၇၂ ပွဲမှာ ၄၅ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 
တောရက်၏ ချယ်ဆီးနဲ့ချုပ်ဆိုထားတဲ့ တပတ်လုပ်ခ ပေါင် တစ်သိန်းခွဲစာချုပ်သက် တမ်းက (၂)နှစ်ကျန်သေးသည်။ အေစီမီလန်အသင်းအနေဖြင့် 
တောရက်အား အလွတ်ပြောင်းရွေ့ ကြေးဖြင့် ရယူနိုင်ရေး မျှော်လင့်နေသည်။
ဒေးလ်လီမေးလ်မှပြောထားတဲ့ Hero မှ Zero သို့  ဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုက 
တောရက်အား ရှေ့ ဆက်အောင်မြင်နိုင်ရေး ကြိုးစားချင်စိတ် ဖြစ်လာမည်ဟုတော့ ထင်မိသည်။

0 comments:

Post a Comment