အိုက်စလန်ကျွန်းတွင် မြေငလျင်များလှုပ်ခတ်နေ၊ မီးတောင်ကြီးပေါက်ကွဲနိုင်။


အိုက်စလန်ကျွန်းရှိ ဘာဒါဘန်ဂါမီးတောင်နှင့်နီးစပ်သော မီးတောင်အုပ်စုသည် သြဂုတ်လ ၂၇ ရက်နေ့ က ပြင်းအား ၄ ဒသမ ၅ ရှိသော မြေငလျင်ဒဏ်ကိုခံခဲ့ရရာ မြေအောက်လှုပ်ရှားမှုများကြောင့် ဘာဒါဘန်ဂါမီးတောင်မှ ချော်ရည် ပမာဏ မြောက်များစွာကို အနီးရှိ အာစကဂျာမီးတောင်ထဲသို့  တွန်းပို့ လိုက်သဖြင့် မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်နိုင် 
ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ 

ဗြိတိသျှနှင့်အိုက်စလန်သိပ္ပံပညာရှင်များအဆိုအရ မြေငလျင်လှုပ်သွားပြီး ၂၄ နာရီအတွင်း ချော်ရည်ချော်ကျောက် ကျူးပစ်မီတာ သန်း ၅၀ ခန့် ရွေ့ လျားသွားပြီး မြောက်ပိုင်းသို့ ဆက်လက်ရွေ့ လျားသွားလျင် အာစကဂျာမီးတောင် ကြောထဲရောက်သွားမည်ဖြစ်ပြီး အင်အားပြင်းထန်သော မီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပွားရန် ရာနှုန်းမြင့်နေပြီဖြစ် ကြောင်း သိရသည်။ 

ဖော်ပြပါချော်ရည်ချော်ကျောက်ရွေ့ လျားမှုကိုတိုင်းတာနေသော သိပ္ပံပညာရှင်များကလည်း လိုအပ်သောပစ္စည်း ကိရိယာများကိုတပ်ဆင်ပြီးသည်နှင့် ယင်းမီးတောင်ဇုံမှ အမြန်ထွက်ခွာခဲ့ပြီး အာစကဂျာမီးတောင်ကြောထဲသို့  ချော်ရည်များစီးဝင်နေသည်မှာ သေချာကြောင်း၊ လက်ရှိအနေအထားအရ အိုက်စလန်ကျွန်းသမိုင်းတွင် ဆိုးရွား သော မီးတောင်ပေါက်ကွဲမှုဖြစ်ပွားမည်ဟု ယူဆရကြောင်း၊ သို့ သော် မီးတောင်တို့ ၏သဘာဝသည် ခန့် မှန်းရ ခက်ခဲသဖြင့် စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်တစ်ဦးက ပြောသည်။ 

ချော်ရည်ချော်ကျောက်များသည် အာစကဂျာမီးတောင်ကြောဖက်သို့  တစ်ရက်လျင် ၄ ကီလိုမီတာနှုန်းဖြင့် ရွေ့ လျား နေပြီး ရက်အနည်းငယ်အတွင်း အာစကဂျာပင်မီချော်ရည်စီးကြောင်းနှင့် ပေါင်းစပ်သွားမည်။ အာစကဂျာသည် လွန် စွာကြီးမားသောမီးတောင်ကြောဖြစ်ပြီး နဂိုရှိရင်းစွဲ ချော်ရည်ပမာဏကိုယ်၌က ကြီးမားလွန်းလေရကား နောက်ထပ် ချော်ရည် ကျူးပစ်မီတာ သန်း ၅၀ တိုးလာသည်ကို ထိန်းထားနိုင်မည်မဟုတ်ဘဲ အရှိန်အဟုန်ပြင်းစွာ ပွင့်ထွက် ပေါက်ကွဲမည်ဖြစ်သည်။ 

သို့ သော် ရွေ့ လျားနေသောချော်ရည်ထုသည် မြေအောက်အနက် ၅ ကီလိုမီတာ တွင် ရှိသောကြောင့် အချိန်မရွေး အေးခဲသွားနိုင်သေးကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ 
ကိန်းဘရစ်မြေငလျင်တိုင်းတာရေးအဖွဲ့ နှင့် သုတေသီများသည် အိုက်စလန်ကျွန်းပေါ်ရှိမီးတောင်များကို မြေငလျင် တိုင်း ကိရိယာ ၇၀ ခုခန့် အသုံးပြုပြီး ၂၀၀၆ ခုနှစ် ကတည်းကပင် စောင့်ကြည့်နေခဲ့ရာ လွန်ခဲ့သော ၁၀ ရက်အတွင်း မြေငလျင်ကြီး တစ်ကြိမ်ထက်မနဲ လှုပ်ခတ်သွားခဲ့ပြီး မြောက်ဖက် ၄၀ ကီလိုမီတာအထိ ပြေးလွှားသွားသော ငလျင် လှိုင်းများက မြေအောက်ကျောက်သားထုများကို အက်ကွဲစေပြီး ချော်ရည်ချော်ကျောက်များပွင့်အန်ရွေ့ လျားသွား ခြင်းဖြစ်ကြောင်း သိရသည်။ 

သြဂုတ်လ (၂၆) ရက်နေ့ မနက်ပိုင်းတွင် ဘာဒါဘန်ဂါမီးတောင်ကြီးသည် ပြင်းအား ၅ ဒသမ ၇ ရှိသော မြေငလျင် ဒဏ်ကို ခံခဲ့ရရာမှ မြေအောက်ချော်ရည်ချော်ကျောက်များက အာစကဂျာမီးတောင်ကြောထဲဖက်သို့  ဦးတည်ရွှေ့  လျားသွားခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment