သန်းကောင်စာရင်း နောက်ဆုံးရလာဒ် ၂၀၁၅ မေလ ထုတ်ပြန်မည်

သန်းကောင်စာရင်း နောက်ဆုံးရလာဒ်ကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး ယင်းသို့ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ
လူမျိုးစာရင်းများ ပါဝင်မည်မဟုတ်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှုး ဦးမြင့်ကြိုင်ကမဇ္ဈိမ၏ မေးမြန်း မှုကို ပြန် လည် ဖြေကြားသည်။



ပုံစာ- ရခိုင် ဒုက္ခသည်စခန်းများတွင် သန်းကောင်စာရင်းအတွက် အချက်အလက်များ လိုက်လံကောက်ခံစဉ်။ (ဓာတ်ပုံ-EPA)

ဦးမြင့်ကြိုင်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်က မတ် ၃၀မှ ဧပြီ ၁၀ရက်ထိ၁၂ရက်ကြာ ကောက်ခံခဲ့သည့်စာရင်းများ၏ ရှေ့ပြေး လူဦးရေစာရင်းကိုကြေငြာသည့် သြဂုတ် ၃၀ရက်တွင် ပြောကြားခြင်းဖြစ်သည်။

"မျိုးနွယ်စုအရေးကို အားလုံးကျေနပ်တဲ့အထိ ဖြေရှင်းပြီးတဲ့ အချိန်ကျမှ ထုတ်ပြန်မယ်။ အဲဒီအတွက် ၂၀၁၅ မေမှာ ထုတ်ပြန်ရင် မျိုးနွယ်စု(လူမျိုး)စာရင်းကပါမှာမဟုတ်ဘူး"ဟု ဦးမြင့်ကြိုင်က ပြောသည်။

တိုင်းရင်းသား မျိုးနွယ်စု ၁၃၅မျိုးကို အခြေခံ ကောက်ယူသည့် သန်းခေါင်စာရင်း အချက်အလက်များအပေါ် အခြေခံပြီး မျိုးနွယ်စု အမှန် ပေါ်ထွက်လာရန်ဗဟိုသန်းခေါင်စာရင်းကော်မရှင်၊ လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၊ ယဉ်ကျေးမှု ပညာရှင်၊ လူ ဦးရေပညာရှင်နှင့် တိုင်းရင်းသား ကိုယ်စားပြုခေါင်းဆောင်များဖြင့် ပူးပေါင်းကာ အမှန်ပြင်ဆင်မည်ဟုဗဟိုသန်းခေါင်စာရင်းကော် မရှင် သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေသည် ၅၁ ဒသမ ၄၂ သန်းခန့်ရှိသည်ဟု ရှေ့ပြေးစာရင်း ထုတ်ပြန်ခဲ့သည်။ ယင်းစာရင်း သည်ရ ခိုင်ပြည်နယ် အတွင်းကျန်ရှိသည့် ဘင်္ဂါလီ ၁ ဒသမ ၀၅ သန်း၊ ကချင်ပြည်နယ်မှ ၄၆၀၀၀ကျော် နှင့် ကရင်ပြည်နယ်မှ ၇၀၀၀၀ကျော်တို့ ပါဝင်ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြုလုပ်သည့် သန်းခေါင်စာရင်းစာရင်း အောင်မြင်မှုသည် ၉၉ရာခိုင်နှုန်းအထိ ရှိသည်ဟု နိုင်ငံတကာ သန်းခေါင် စာရင်းအကြံပေးအဖွဲ့ နှင့် ကုလသမဂ္ဂ လူဦးရေးရန်ပုံငွေ အဖွဲ့တို့က ဆိုသည်။
Mizzima

0 comments:

Post a Comment