မောင်တောတွင် လူဦးရေ စိစစ်ရာက ပစ်ခတ်မှုဖြစ် ရဲဝန်ထမ်းတစ်ဦးဒါဏ် ရာရ

မောင်တောတွင် အိမ်ထောင်စုလူဦးရေစာရင်းရှောင်တခင်စစ်ဆေးစဉ် အစစ်ဆေးမခံ လိုသော ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးပစ်ခတ်ကာ လူစုခွဲ ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။



ဓာတ်ပုံ--EPA

မောင်တော မြို့နယ်တွင် လောင်းဒုံကျေးရွာအုပ်စု ကျွန်းဂေါင်းကျေးရွာ၌ဒု-ရဲမှူးဇော်ညွှန့် အပါအဝင် ဒေသခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သြဂုတ်လ၂၉ ရက်တွင်သွားရောက် စိစစ်ခဲ့ရာ အစစ်ဆေးမခံလိုသူ အချို့က နှင့် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“ရဲတပ်သား တစ်ဦး ဒါဏ်ရာရတယ် ၊ဒေသခံဘက်ကတော့ ထိခိုက်မှုမရှိဘူး၊တစ်ချို့ကို ထိန်းသိမ်းထားတယ်၊ တစ်ချို့ကတော့ ထွက်ပြေးနေတယ်”ဟုဦးဝင်းမြိုင် ကပြောသည်။

ထိုသို့ အငြင်းပွားမှုကြောင့် လူအုပ်စု အသွင် ဖြစ်လာကာလူသုံးရာခန့်စုဝေးကာ ၀န်ထမ်းများကို တိုက်ခိုက်လာသဖြင့် သေနပ် ၁၃ ချက်ဖြင့် မိုးပေါ်ထောင်ပစ် ကာလူစုခွဲခဲ့ရသည်ဟု ဆိုသည်။

“သေနပ်သံတွေကြားတယ် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဘက်က လူကြီးတွေလည်းဝင်ထိန်းလိုက်တဲ့ အတွက်အခုတော့ အေးသွားပါပြီ”ဟု မောင်တောမြို့နယ်
ဘင်္ဂလီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှသိန်းက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ထားဆဲဖြစ်သည်။ လက်ရှိတွင် မြေပုံ ဒုက္ခသည် စခန်းတွင် ၁၉၈၂နိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စိစစ်ခြင်းများပြုလုပ်လျှက်ရှိပြီး အခြားသော မြို့နယ်များတွင်စိစစ်ခြင်းများပြုလုပ်နိုင်ရန် ကျိုးပမ်းလျှက်ရှိသည်။

ဒေသတွင်းနေထိုင်သော ဘင်္ဂလီများကမူ နိုင်ငံသားစိစစ်ခြင်းကို လက်မခံလိုသူ အချို့ရှိကာ သန်းခေါင်စာရင်း ကောက်ခံရာတွင်လည်း ချန်လှပ်ထားခဲ့ရသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများတွင်လည်း မြေပုံ ဒုက္ခသည် စခန်းမှ ဒုက္ခသည်၁၂၀ နှင့် ကျောက်ဖြူ ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၂၉ ဦးသြဂုတ်လအတွင်း ကထွက်ပြေးခဲ့သည်။

0 comments:

Post a Comment