ဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ပါဝါ၊ အာဏာများမရှိဟု ဦးတင်ဦးဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ရာထူး၊ အာဏာနှင့် ပါဝါထက်တိုင်းပြည်လူ ငယ်များ၏ တိုးတက်မြင့်တင်ရေးသာ ရှိသည်ဟုNLD နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။



သြဂုတ်လ ၃၀ ရက်က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်မျိုးဆက် များ တွေ့ဆုံပွဲတွင်ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးနှောက်ထဲမှာ ပါဝါ အာဏာ ဒါတွေ ခေါင်းထဲမှာရှိတာမဟုတ်ပါဘူး။ သူဟာ စလာကတည်းက ဒီတိုင်ြး ပည်မှာရှိတဲ့ လူငယ်တွေဟာသူတို့ရဲ့ဘ၀ ရည်ရွယ်ချက်တွေပျောက်ကင်းနေတယ် ဆိုတာ ကောင်းကောင်းသိတယ်။ ဘဝရဲရှေ့ရေး
ပြန်လည်ထူထောင်ဖို့အတွက် အဓိကကျတဲ့ ပညာရေးကို လုပ်နိုင်သမျှ တက်နိုင်သမျှလုပ်တာတွေရှိတယ်”ဟုဦးတင်ဦးက ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင်ရန်ကုန် မြို့တော်ဝင်နှင်းဆီးခန်းမပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။

ယင်းညီလာခံတွင်အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များ အပါအဝင် NLDလူငယ်ခေါင်းဆောင် ၁၅ ဦးရွေးချယ်ခဲ့သည်။
Mizzima

0 comments:

Post a Comment