MPT ရဲ့ ၁၅၀၀တန် WCDMAကတ်တွေ လိုသလောက်ဝယ်နိုင်ပြီ


စက်တင်ဘာလ ၁ရက်နေ့မှစတင်ပြီး Elite Asia Megalink
အစရှိတဲ့ ဆိုင်တွေနဲ့ လက်လီဆိုင်တွေမှာ MPT ရဲ့ ကျပ်၁၅၀၀ တန်
WCDMA ဆင်းကတ်တွေကို မည်သူမဆိုဝယ်ယူနိုင်ပြီလို့သိရပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၂၅၀ ခန့်မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး နေထိုင်တဲ့လူဦးရေ အနည်းအများပေါ်မူတည် ပြီး ဆင်းကတ်အရေအတွက် သတ်မှတ်ချထားပေးတာလို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတဦးက '' လိုသလောက်ကို
open ရောင်းပေးမှာပါ။ အရောင်းဆိုင်နဲ့ရောင်းနိုင်တဲ့ အင်အားပေါ်မှာ
ခွဲပြီးချထားပေးတာ။ Asia Mega link | Elite | တာမိုးညဲ စတဲ့distributor တွေရှိတယ်။ သူတို့ဆိုင်တွေမှာလည်းဝယ်လို့ရတယ်။''
လို့ပြောပါတယ်။
Author ရဲလင်းလင်းသန်း
Kumudra

0 comments:

Post a Comment