ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး အပါအဝင် Chakmas(ဒိုင်းနက်) လူမျိုး ငါးဦးအား အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံထုတ် လက်နက်များနှင့် ဖမ်းဆီးရမိ


ကြာသာပတေးနေ့တွင် Agartala တွင် Chakmas (ဒိုင်းနက်) လူမျိုး ငါးဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိသည်ဟု နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ၏ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည် ။၎င်းတို့သည် မြန်မာနယ်စပ်နှင့် စစ်တကောင်းတောင်တန်းဒေသ(CHT) မှ အိန္ဒိယနိုင်ငံတွင်းသို့ လက်နက်ခဲယမ်းများ နှင့် မူးယစ် ဆေးဝါးများ သယ်ဆောင်နေသော အကြမ်းဖက်သမားများဖြစ်သည် ။

မြို့တော် Aizawl အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ ပူးပေါင်း၍ ယင်းလူငါးဦးစီးနင်း လာသော ကားတစ်စီးအား လေဆိပ်သို့ သွားရာ လမ်းတွင် တားဆီး စစ်ဆေးစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည် ။ ၎င်းတို့ထံမှ အမ်-၁၆ ရိုင်ဖယ် ငါးလက် ၊ အမ်-၁၆ ရိုင်ဖယ်နှင့် အေကေမျိုးဆက် ရိုင်ဖယ် များတွင် ပစ်ခတ်နိုင်သော ကျည်မျိုးစုံ ၅၁၀၀ ၊ ဆဲလ်ဖုန်း ၁၀ လုံး ၊ အိန္ဒိယ ရူပီးငွေ ၆၀၀၀၀ နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ နှင့် အတူ ဖမ်းဆီးရမိသည်ဟု BSF ၏ စုံစမ်းရေးအရာရှိကြီး B.S.Rawat မှ ပြောကြားခဲ့သည် ။ သူတို့ရဲ့  လက်နက်ခဲယမ်းတွေကို သယ်ဆောင်လာရခြင်းနှင့် သူတို့ရည်ရွှယ်ချက်ကို မေးမြန်းစုံစမ်းနေပြီး သူတို့ရဲ့  ကိုယ်ရေး အချက်အလက်တွေကတစ်ဆင့် သိရပါမယ် လို့ ထပ်လောင်း ပြောကြားခဲ့ပါသည် ။

ဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးပါရှိကာ Jius Chakma ( ၂၈ ) နှစ် နှင့် Sumitro Chamka (၄၈) နှစ် တို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ Rangamati တောင်တန်းဒေသ ပြည်နယ်သားများ ဖြစ်သည်ကိုတွေ့ရသည် ။ Jius Chakma ၏ ဝန်ခံချက်အရ ၎င်းတို့အဖွဲ့သည် Parbartya Chattagram Jana Samhati Samati(PCJSS) မှ ဖြစ်ပြီး စစ်တကောင်းတောင်တန်းဒေသ လွတ်မြောက်ရေးတိုက်ပွဲဝင်နေသူ တစ်ဦး ဖြစ်သည် ဟု ဆိုသည် ။အခြားသုံးဦးမှာ Purnajoy Chakma ( ၄၅ ) နှစ် ၊ Dipankar Chakma (၃၃) နှစ် နှင့် Biljoy Chakma ( ၃၁ ) နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့မှာမူ မီဇိုရမ်ပြည်နယ် Rajivnagar နယ်သားများ ဖြစ်သည် ။

ယခုကဲ့သို့  Chakma လူမျိုးစုနွယ်ဝင် များအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိမှုများသည် ယခင်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည် ။၂၀၁၃ ခုနှစ် မတ်လ တွင် မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၏ စံချိန်တင် လက်နက်ခဲယမ်းဖမ်း ဆီးရမှုကြီးတစ်ခုဖြစ်ပွါးခဲ့ဖူးသည် ။ထိုစဉ်က မီဇိုရမ်ရဲတပ်ဖွဲ့သည် ASSAM Rifles တပ်ဖွဲ့သုံး အေကေ-၄၇ ရိုင်ဖယ် ( ၃၁ ) လက် ၊ စင်္ကာပူစက်သေနတ်ကလေး (၁) လက် ၊အမေရိကန်ထုတ် ဘရောင်နင် အမျိုးအစား ရိုင်ဖယ် (၁ ) လက် ၊ ကျည်မျိုးစုံ ၈၀၉ တောင့် ၊ ကျည်ကဒ် ၃၂ ကဒ် အား AIzawl မြို့တော် အပြင် Lengpui လေဆိပ် အနီးမှ စိုက်ပျိုးရေးခြံအိမ်ယာတစ်ခု ထဲမှ ဖမ်းဆီးနိုင်ခဲ့သည် ။
ပထမဦးစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Chakma လူမျိုး သုံးဦးနှင့် အေကေ -၄၇ ရိုင်ဖယ် (၂၃) လက် ၊ စင်္ကာပူ စက်သေနတ်ကလေး (၁) လက် ၊ ၊အမေရိကန်ထုတ် ဘရောင်နင် အမျိုးအစား ရိုင်ဖယ် (၁) လက် တို့အား မတ်လ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ထပ်မံစစ်ကြောချက်များအရ မတ်လ ၈ ရက်နေ့တွင် အေကေ-၄၇ (၈) လက် ၊ ကျည်မျိုးစုံ ၈၀၉ တောင့် အား ဆက်စပ်ဖော်ထုတ်ဖမ်းမိနိုင်ခဲ့သည် ဟု မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်း ဖော်ထုတ်ရေး ဌာန အကြီးအကဲ Joseph Laichhuana မှ ပြောကြားခဲ့သည် ။
ထိုဖမ်းဆီးရမှုတွင် တရားခံများဖြစ်သော Robi Chakma ၊ Soboz Chakma နှင့် Moni Tripura တို့ သုံးဦးအား Sairang ရဲစခန်းမှ လက်နက်ပြစ်မှု ၊ နိုင်ငံခြားသားပြစ်မှု ၊ အိန္ဒိယနိုင်ငံ နိုင်ငံသားကဒ် ပြစ်မှုများဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည် ။

မတ်လ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ၎င်းအမှုတွဲပါ လက်နက်များသည် PCJSS သို့ပေးပို့ရန် လက်နက်များ ဖြစ်သည် ဟု အတည်ပြုနိုင်ခဲ့သည် ။ ယင်းလက်နက်ခဲယမ်းများသည် Shanti Bahini လက်နက်ကိုင်အဖွဲ့မှ လက်နက်များ ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ခိုးသွင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတါင်းရှိ PCJSS အဖွဲ့သို့ ပေးပို့ရန် ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။ တရားခံများသည် မြန်မာ-မီဇိုရမ် နယ်စပ်မှ အိန္ဒိယနိုင်ငံသို့ ဖြတ်သန်းကာ လက်နက်ခဲယမ်းများ သယ်ဆောင်လာခဲ့ပြီး ခေတ္တဝှက်ထားရာ ကာလတွင် ယခုကဲ့သို့ ဖော်ထုတ်ဖမ်းဆီးခြင်း ဖြစ်သည် ။

မီဇိုရမ် ပြည်နယ် အပြင်ဘက်တွင်လည်း မတ်လ ၈ ရက်နေ့ကပင် လုံခြုံရေးတပ်ဖွဲ့သည် မဏိပူရပြည်နယ် ၊ Churachandpur နယ်သား Gin Zamuan Simte အား ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ဖမ်းဆီးခဲ့သည်။ Simte နှင့်အတူ ဒီတိုနေတာ (၄၅၀ ) ခု ၊ Gelatin ယမ်းပျော့ချောင်း (၁၆၅) ချောင်း ၊ လုံခြုံရေးဖျူးစ် ၅၀ ခု နှင့် နှစ်လုံးပြူး သေနတ် (၂ ) လက်ဖမ်းဆီးရမိခဲ့သည် ။ ယင်းပစ္စည်းများမှာ အရပ်ဘက်ဆောက်လုပ်ရေး လုပ်ငန်း သုံးရန်အတွက် ဟု ထွက်ဆိုခဲ့သော်လည်း အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန်ရည်ရွှယ်၍ မြန်မာနှင့် မဏိပူရ နယ်ခြားမှ ခိုးသွင်းလာခဲ့ခြင်းဖြစ်သည်ဟု ယူဆ၍ ဖမ်းဆီးလိုက်ခြင်းဖြစ်သည် ။

မီဇိုရမ်ပြည်နယ်သည် ၁၉၈၆ ခုနှစ်ကတည်းပင် ပဋိပက္ခများနှင့် ရှုပ်ထွေးသော နယ်မြေတစ်ခုဖြစ်နေခဲ့ပြီး မကြာခဏ ဆိုသလိုပင် ရာဇဝင်မှုကြီးများ နှင့် အကြမ်းဖက် အဖျက်လုပ်ငန်းများ ဖြစ်ပွါးရာနေရာဖြစ်သည် ။
၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် နယူးဒေလီမြို့တွင်ကျင်းပသော ပြည်တွင်းရေးရာလုံခြုံရေးကွန်ဖရင့်တွင် မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Lai Thanhawla က မီဇိုရမ်ဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ်တို့နဲ့ထိစပ်ပြီး အလွယ်တကူ စိမ့်ဝင် နေတဲ့ နေရာဖြစ်နေသလို လက်နက်မှောင်ခို ၊ မူးယစ်ဆေးမှောင်ခို နှင့် အိန္ဒိယ ငွေစက္ကူအတု များ ပြုလုပ်ရာ ရာဇဝတ်မှူ ကျုးလွန်သူတို့ရဲ့  အခြေချနေရာကြီးဖြစ်နေတယ် ဟု ပြောကြားခဲ့ဖူးသည် ။

မီဇိုရမ်ပြည်နယ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်မျဉ်းထိစပ်မှု ၇၂၂ ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံ နှင့် ဆက်စပ်ဧရိယာ ၄၀၄ ကီလိုမီတာ အရှည်နေရာသည် အုပ်ချုပ်မှုအာဏာစက်ကင်းလွတ်ရာ နယ်မြေဖြစ်နေ သည် ။ ပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် နယ်စပ် ၃ ခုထိစပ်နေသော သဘာဝရှိသည့် နယ်မြေဖြစ်သည် ။

Ref:>>BDNews24

0 comments:

Post a Comment