လူဆိုတာ အဖော်အပေါင်းနဲ့ နေတဲ့အမျိုးပါလို့  စာဆိုရှိပါတယ်။ အမှန်တစ်ကယ်လည်း လူတွေဟာ တစ်ယောက် တည်း ရှင်သန်နေထိုင်နိုင်စွမ်းမရှိပါဘူး။ လူတွေနဲ့ မပါတ်သက်ချင်ရင် အနဲဆုံး အိမ်မွေးတိရိစ္ဆာန်လေးနဲ့  နေပါတယ်။ တစ်ယောက်တည်းနေပါရစေ ဆိုတဲ့လူတွေဟာ လူသံ၊ကားသံတွေ ကြားနေရမှ တစ်ယောက်တည်းနေနိုင်တာပါ။
တစ်ယောက်တည်းပဲနေချင်တယ်ဆိုတဲ့လူတွေကို ဘာသံမှမကြားရတဲ့အခန်းတစ်ခုထဲ ထည့်ထားကြည့်ပါ။ တစ်နာ ရီတောင် ပြည့်အောင် နေနိုင်ကြမှာ မဟုတ်ပါဘူး။
တစ်ခါတလေလည်း အပေါင်းအသင်းတွေ၊ လူစုလူဝေးတွေကနေ အဝေးထွက်ပြေးပြီး တစ်ယောက်တည်းသီးသန့်  နေချင်စိတ်တွေ ဖြစ်မိကြမှာပါ။ ဒါပေမယ့် တစ်ကယ့်ကိုတစ်ယောက်တည်းဖြစ်သွားပြန်ပြီဆိုရင်လည်း လူတွေဟာ မနေတတ်ကြပါဘူး။ တစ်ကယ်တော့ လူ့ အသိုင်းအ၀ိုင်းနဲ့  ဝေးသွားတယ်ဆိုရင်တောင်မှ ကျေးငှက်သာရကာ တိရိ စ္ဆာန်တွေကို အဖော်ပြုပြီး နေနိုင်ပါသေးတယ်။ သက်ရှိဆိုလို့  ဘာဆိုဘာမှမရှိတဲ့အခြေအနေမှာဆိုရင်တော့ လူတွေ ဟာ ဘယ်လိုများဖြစ်သွားနိုင်တယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။
အထီးကျန်စိတ်ဝေဒနာဟာ ဆိုးရွားပါတယ်။ ကာလရှည်ကြာ တစ်ကိုယ်ရည်တည်းနေရတဲ့လူတွေမှာ သွေးတိုးရောဂါ၊ အနာတွေဖြစ်ရင် ပိုးကူးလွယ်တဲ့လက္ခဏာ၊ အယ်လ်ဇိုင်းမားရောဂါနဲ့  သူငယ်နာပြန်ရောဂါတွေဟာ သာမန်ထက်ပိုပြီး အဖြစ်များပါတယ်။ အိပ်စက်ခြင်းအဆင့်ကို အနှောက်အယှက်ပေးပြီး အာရုံစိုက်နိုင်မှုတွေပျက်ပြားပြီးတော့ ယထာဘု တကျကျစဉ်းစားတွေးခေါ်နိုင်စွမ်းနဲသွားသလို စကားပြောရင်း စဉ်းစားနိုင်စွမ်းလည်း ကျဆင်းသွားလေ့ ရှိပါတယ်။
အထီးကျန်မှုကြောင့် ကိုယ်ခံအားစနစ်ထဲမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေနဲ့  ကိုယ်တွင်းအပူဓါတ်များခြင်းတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့  ခံစားရမှာကလည်း ဆိုးရွားလွန်းပါတယ်။
တစ်ကယ်တော့ အထီးကျန်စိတ်ဝေဒနာဆိုတဲ့အတိုင်း ဝေဒနာဟာ စိတ်ထဲမှာပိုတာပါ။ ပထမဆုံး အချိန်ကပြောင်း ပြန် ဖြစ်ပါမယ်။ ၂၄ နာရီဟာ သူတို့ အတွက် ၄၈ နာရီနဲ့  ညီမျှနေတတ်ပါတယ်။ ဒီတော့ သာမန်လူသားတွေအတွက် နေ့ လည်စာစားချိန်ပဲရောက်နေသေးပေမယ့် သူတို့ အတွက်တော့ ညစာစားချိန်လောက်နီးနီး ဖြစ်နေတဲ့အတွက် တစ်နေ့ တစ်နေ့ ကို နှစ်ရက်စာလောက် ရှည်လျားနေတော့ ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ရပါတယ်။
လူ့ အာရုံငါးပါးကို အမြဲအစာကျွေးနေရပါတယ်။ မျက်လုံးကလည်း မြင်နေရမှ၊ နားကလည်း ကြားနေရမှ၊ နှာခေါင်း ကလည်း အနံ့ တစ်မျိုးမျိုးကို ရနေမှ၊ လျှာကလည်း အရသာတစ်ခုခုကို ပုံမှန်ခံစားနေရမှ၊ လက်ကလည်း တစ်ခုခုကို ထိတွေ့ နေရမှ နေတတ်တာပါ။ အခန်းတစ်ခန်းကို အသံလုံခန်းလုပ်၊ အနံ့ တွေမ၀င်အောင်သေချာပိတ်၊ ကိုင်စရာ ဘာမှမရှိ၊ စားစရာဘာမှမရှိဖြစ်အောင် အသင့်ပြင်ပြီး သင်ဝင်နေကြည့်ပါ။ နာရီပိုင်းအတွင်း နေမထိ၊ထိုင်မသာ ဖြစ် လာပါလိမ့်မယ်။ သင့်စိတ်အာရုံကို လှုံ့ ဆော်ပေးဖို့  သီချင်းဆို၊ ကဗျာရွတ်၊ ပါးစပ်က ပေါက်ကရတွေအော်ပြီး လက် ကလည်း ဂဏှာမငြိမ်စွာ ကုတ်ခြစ်ပါလိမ့်မယ်။ ဒီလိုဖြစ်လို့  မခံနိုင်တော့တဲ့အဆုံး အခန်းတံခါးဖွင့်ပြီး အပြင်ကိုထွက် လိုက်ပါ။ သင်္ချာတွက်ကြည့်ပါ။ စာဖတ်ကြည့်ပါ။ သင့်အရည်အချင်းတွေ အများကြီးယုတ်လျော့သွားတာကို လက်တွေ့  သိမြင်ပါလိမ့်မယ်။
အထီးကျန်စိတ်ဝေဒနာမှာ ကြောက်စရာအကောင်းဆုံးကတော့ သွေးလေချောက်ခြားခြင်းပါပဲ။ အလင်းအစက် အပျောက်တွေတွေ့ မယ်။ မျဉ်းကြောင်းတွေ၊ ပုံရိပ်အမျိုးမျိုးတွေတွေ့ မယ်။ ထူးဆန်းတဲ့ပုံရိပ်တွေဖြစ်တဲ့ ရှဥ့်တွေ အိတ်ကိုယ်စီထမ်းပြီး ချီတက်နေတာတွေ၊ လမ်းပေါ်မှာ မျက်မှန်တွေတန်းစီချထားတာတွေ တွေ့ ခဲ့ကြတဲ့ သာဓက တွေရှိပါတယ်။ တစ်ချို့ ဆိုရင် ဘာကိုကြည့်ကြည့် ခွေးလို့ ပဲမြင်ပြီး တစ်ချို့ က ကလေးလို့ ပဲ မြင်တာတွေ ရှိဖူးပါ တယ်။
တစ်ချို့ ကလည်း အသံအမျိုးမျိုးကြားပါတယ်။ နားထဲမှာ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ပေါ်လာမယ်။ ဓမ္မတေးသီချင်း သံပြိုင်သီဆိုသံလိုလိုတွေကြားမယ်၊ တစ်ချို့ ကလည်း တစ်ကိုယ်လုံးပေါ် ပုရွက်ဆိတ်တက်လာသလိုလို၊ တစ်ယောက်ယောက်ကပဲ လောက်လေးခွနဲ့ ပစ်လိုက်သလိုလို၊ ဘာကိုကိုင်ကိုင် ဓါတ်လိုက်နေသလိုလို ခံစားကြရ ပါတယ်။ တစ်ခန်းလုံးရွေ့ နေတယ်လို့ ပြောတဲ့သူနဲ့ ၊ အရာရာက ပုံပန်းသဏ္ဍန်ပြောင်းပြောင်းသွားတယ်လို့ ပြောတဲ့ သူတွေနဲ့  အထီးကျန်စိတ်ဝေဒနာခံစားရသူတွေမှာ စိတ်နဲ့ အာရုံဆက်နွယ်ထိန်းချုပ်မှုတွေ ပျက်ပြားသွားပြီး အာရုံ ငါးပါးကို ဦးနှောက်က တိကျစွာထိန်းချုပ်နိုင်စွမ်း လျော့နဲပျောက်ကွယ်သွားရပါတယ်။
ဒါကြောင့်လည်း အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို တိုက်ပိတ်ထားတဲ့စနစ်မျိုး အရင်တုန်းက သုံးခဲ့ကြပါ တယ်။ မာကျောခေါင်းမာလွန်းသူတွေကို ခုနှစ်ရက်လောက်တိုက်ပိတ်ထားရင် တုန်လှုပ်ခြောက်ချားပြီး အပြင်ပြန် ရောက်လာကြပြီးတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာ တစ်စစီဖြစ်သွားကြပါတယ်။
ဦးနှောက်ဟာ စဉ်ဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲနေတာတွေကို တောက်လျှောက်ရယူစုစည်း အကဲဖြတ် ဆောင် ရွက်နေပါတယ်။ အာရုံငါးပါးကပဲ အဲဒီလိုအပ်တဲ့အချက်အလက်တွေကိုပေးတာပါ။ ရုတ်တရက် အာရုံငါးပါးကနေ သတင်းအချက်အလက်ပေးသွင်းမှုတွေ ရပ်ဆိုင်းသွားတဲ့အခါ ဦးနှောက်အာရုံကြောတွေက ရပ်တန့် မနေတဲ့အတွက် တနည်းနည်းနဲ့  သတင်းအချက်အလက်တွေကို အစားထိုးဖြည့်ပေးရပါတယ်။ ဒီလိုအခါမှာ ထည့်ပေးတဲ့သတင်း အချက်အလက်တွေဟာ ပြင်ပကမ္ဘာမှာ အမှန်တစ်ကယ်ဖြစ်ပျက်နေတာမဟုတ်တဲ့အတွက် ကိုယ်သန်ရာသန်ရာ တွေးမိပုံဖော်ပြီး ဦးနှောက်ကို သတင်းအချက်အလက်ပေးပို့ ကြတဲ့အတွက် လူကောင်းတွေဘယ်လိုမှလက်မခံနိုင်
တဲ့ ပုံရိပ်တွေ၊အသံတွေ၊မြင်ကွင်းတွေ၊အနံ့ တွေကို သူတို့ က ခံစားကြရတာပါ။
ဒါကြောင့် ကိုယ်ရော၊ အခြားလူတွေပါ အထီးကျန်နေတဲ့ဘ၀မျိုးထဲကနေ ရုန်းထွက်ဖို့  အားပေးပါ။ ဘယ်သူမှ အထီး ကျန်ဆန်စွာ မနေချင်ကြပါဘူး။ အကျင့်ဖြစ်နေပြီ ဆိုတာလည်း မဟုတ်ပါဘူး။ ဆင်ခြေပေးတာပါ။ လူရယ်လို့ ဖြစ်လာ ရင် အဖော်အပေါင်း၊ အသင်းအပင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ ညာသိကာတို့ နဲ့  တစ်နည်းမဟုတ်တစ်နည်း ပါတ်သက်နေမှ နေနိုင်ကြတာပါ။
အခန့် မသင့်လို့  ကိုယ့်တစ်ယောက်တည်း နေခဲ့ရပြီဆိုရင်လည်း သင့်အာရုံငါးပါးကို တပြိုင်နက်မဟုတ်တောင် တစ်လှည့်စီ လှုံ့ ဆော်ပေးဖို့  မမေ့ပါနဲ့ ။ တစ်ယောက်တည်း စကားထိုင်ပြောသူတွေကို မလှောင်ပါနဲ့ ။ သွားပြီး စကားပြောပေးပြီးတော့ ကူညီလိုက်ပါ။ ကိုယ်တစ်ယောက်တည်းဖြစ်နေရင်လည်း စာရေးပါ၊ ပုံဆွဲပါ၊ သီချင်းဆိုပါ၊ အလုပ်တစ်ခုခုလုပ်နေပါ။ တွေဝေငေးငိုင်ထိုင်ကျန်ခဲ့ရင် အထီးကျန်စိတ်ဝေဒနာ ခံစားရဖို့  လမ်းစရှာပေးလိုက်သလို ဖြစ်သွားပါမယ်။
ဘယ်သူ့ ကိုမှလည်း ပစ်မထားပါနဲ့ ။ လူ့ အသိုင်းအ၀ိုင်းမှာ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်မဖန်တီးနိုင်သူတွေ ရှိပါတယ်။ ကလေးတွေနဲ့  သက်ကြီးရွယ်အိုတွေပါ။ ကလေးတစ်ယောက်ဟာ သူဖြစ်ချင်တာလေးဖြစ်လာဖို့  လူကြီး တွေကို အကြိမ်ပေါင်းများစွာပြော၊ ငိုပြ၊ရယ်ပြနဲ့  သနားစရောကောင်းလောက်အောင် ကြိုးစားရပါတယ်။ သက်ကြီး ရွယ်အိုများမှာလည်း အိုမင်းမစွမ်းလေတော့ သား၊သမီး၊စောင့်ရှောက်သူတွေကနေ မဖြည့်ဆည်းပေးရင် လစ်ဟာနေ တဲ့ ဆန္ဒကြီးကို ရင်ဝယ်ပိုက်ပြီး တနု့ံ့နုံ့  ခံစားနေရသူတွေပါ။ စကားပြောပေးပါ။ ခနလောက် အတူနေပေးပါ။ သူတို့  ကို ဆုပ်ကိုင်နှိပ်နယ်ပေးပါ။ ရယ်စရာတွေပြောပြပါ။ မေးခွန်းတွေရှာကြံမေးပါ။ သူတို့ ရဲ့  အာရုံငါးပါးကို အလုပ်ပေး နိုင်ဖို့  ကြိုးစားပါ။
အထီးကျန်ဆန်တဲ့လူတွေ အထီးကျန်စိတ်ဝေဒနာ ခံစားရတဲ့အထိ ဖြစ်မသွားဖို့  လေ့လာရေးသားတင်ပြလိုက်ရ ပါတယ်။
0 comments:
Post a Comment