ထိုင်ဝမ်က ဒုံးကျည်ကာကွယ်ရေးနစ်များအတွက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ သုံးစွဲမည်

တရုတ်နိုင်ငံ၏ လေကြောင်းမှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ထိုင်ဝမ်အစိုးရက လာမည့် ကိုးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ (ထိုင်ဝမ်ဒေါ်လာ ၇၄ ဒသမ ၈ ဘီလျံ) သုံးစွဲ သွားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်တစ်ဦးနှင့် မီဒီယာသတင်းများက သြဂုတ် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။



သက်တမ်းကြာမြင့် ဟောင်းနွမ်းနေပြီဖြစ်သော Hawk ဒုံးကျည်ကာကွယ်ရေးစနစ်များနေရာတွင် ပြည် တွင်းလုပ် Tien Kung 3 (Sky Bow 3) မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ကာကွယ်ရေး စနစ်များအား ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အစားထိုးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးကော်မတီမှ လွှတ် တော်အမတ် လင်ယူဖန်း က ပြောကြားသည်။

ယခု အစားထိုးမည့် ဒုံးကျည်ကာကွယ်ရေးစနစ်သည် ပြည်တွင်းလုပ် စစ်လက်နက်ပစ္စည်းများအား ယခုနှစ်ပိုင်းအတွင်း အများဆုံးအသုံးပြုမှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်ကို Chungshan Institute of Science and Technology က ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရန်နှင့် ဟန့်တားတိုက် ဖျက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းဒုံးကျည်ကာကွယ်ရေးစနစ်ကို ၁၉၉၆ ခုနှစ်မှ စတင်စမ်းသပ်ခဲ့ပြီး ထိုင်ဝမ်ဒေါ်လာ ၂၀ ဘီလျံ ကုန်ကျခဲ့ကြောင်း သိရ သည်။
Ref:AFP

0 comments:

Post a Comment