(၆) ပေရှည်တဲ့ ဆံပင်ကို လေလံတင် ရောင်းချပြီး လှူဒါန်းမှုပြုလုပ်မည်


တရုတ်နိုင်ငံ၊ ရှန်ဒေါင် အရပ်ဒေသမှာ နေထိုင်တဲ့ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသမီး ဇာအိုယီဟာ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်ကို လေလံတင် ရောင်းချပြီး လှူဒါန်းမှု ပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဇာအိုယီရဲ့ ဆံပင်အရှည်ဟာ (၆)ပေ အထိရှိပြီး ဝေးလံတဲ့ အရပ်ဒေသမှာ ပညာသင် ယူမှုပြု လုပ်နေတဲ့ ကျောင်းသားတွေ အတွက် လှူဒါန်းမှု ပြုလုပ်နိုင်ဖို့ ဆံပင်ကို ပေါင် (၂၀၀၀) နဲ့ လေလံတင် ရောင်းချ သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းက အလယ်တန်းကျောင်းတွေရဲ့ အခက်အခဲကို ဖတ်ရှုပြီးတဲ့ နောက်မှာ ဇာအိုယီဟာ လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး ဆန္ဒ ဖြစ်ပေါ်လာခဲ့ပါ တယ်။ ဒါကြောင့် ဇာအိုယီဟာ (၁၅) နှစ်စလုံး မညှပ်ပဲ ထားခဲ့တဲ့ ဆံပင်ကို အွန်လိုင်းကနေ တစ်ဆင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ဇာအိုယီရဲ့ ဆံပင်ကို ၀ယ်ယူဖို့ အမြင့်ဆုံး ကမ်းလှမ်းထားတဲ့ ဈေးကပေါင် (၁၀၀၀)ဖြစ်ပြီး ဒီထက်ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဇာအိုယီယာတော့ ပေါင်(၂၀၀၀) အထိရဖို့ မျှော်လင့်နေပြီး အမြင့်ဆုံးဈေးပေးတဲ့ သူကိုရောင်းချသွားမှာ ဖြစ်ပါတယ်။ ဇာအိုယီဟာ သူ့ရဲ့ ဆံပင်ကို တက္ကသိုလ်ကျောင်းသား ဘ၀မှာ စတင်ထားရှိတာ ဖြစ်ပြီး ဓာတုဗေဒ ခေါင်းလျှော်ရည်တွေ သုံးခဲ့ခြင်း မရှိလို့ သန်စွမ်းခဲ့တာ ဖြစ်ပါတယ်။ ဇာအိုယီဟာ ဆံပင်ကို နေ့စဉ် သန့်ရှင်းမှုပြု လုပ်ပြီး ခေါင်းလျှော်ရာမှာ အချိန် တစ်နာရီခန့် ယူရလေ့ရှိကာ ခေါင်းဖြီးရာ မှာတော့ အချိန် (၁၀) မိနစ်လောက် ကုန်လေ့ရှိပါတယ်။

The Messenger

0 comments:

Post a Comment