မလေးရှား လေကြောင်းလိုင်းဟာ၊ ဒီနှစ်ထဲ လေယာဉ် ၂ စင်း ပျက်စီး ဆုံးရှုံး ခဲ့ရပြီး၊ ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက် ဆုံးရှုံးမှုတွေ၊ ကြီးကြီးမားမား ကြုံတွေ့ လာရတဲ့နောက်၊ စီးပွားရေး ပြန်လည် နလံ ထူလာနိုင်ဖို့ အတွက်၊ ဝန်ထမ်း ဦးရေရဲ ၃ ပုံ ၁ ပုံ အရေအတွက် ဖြစ်တဲ့၊ လူ ၆ ထောင် လျှော့ချမယ်လို့ သိရပါတယ်။
အမြတ်အစွန်းမရတဲ့ ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပြီး၊ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းရဲ့ စာရင်းကို၊ ဒီနှစ်ကုန် အမီ၊ stock exchange ဈေးကွက်ထဲက ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ ယူကရိန်း အရှေ့ခြမ်း ဝေဟင်အထက်၊ သူတို့ရဲ့ လေယာဉ် ပစ်ချခံလိုက်ရတဲ့၊ ဂျူလိုင်လ နောက်ပိုင်း၊ လာရောက် စီးနင်းသူ ၃၀ % ကျဆင်း ခဲ့ရပါတယ်။

BBC Burmese

0 comments:

Post a Comment