ဇနီးဖြစ်သူနဲ့ အချင်းများသည့် မြို့တော်ဝန်တစ်ဦး နေအိမ်တွင် သေနတ်ပစ်ခံရကာ သေဆုံး

The mayor of a California suburb has been fatally shot at home and his wife taken into custody.

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့အိန်ဂျလိစ် ခရိုင် ဘဲလ်ဂါးဒင်း မြို့တော်ဝန် Daniel Crespo (၄၅)နှစ် သည် ယမန်နေ့တွင် နေအိမ်၌ ဇနီးသည်နှင့် အချင်းများ ရာမှ ဇနီးဖြစ်သူ Lyvette Crespo (၄၃)နှစ် က သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရသည်။

ခရက်စပို ဇနီးမောင်နှံ၏ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူက ဝင်ရောက် ဖျန်ဖြေရန် ကြိုးပမ်း ခဲ့သော်လည်း ဇနီးသည် Lyvette က Daniel ကို သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ယူဆ ရသောကြောင့် ယခုအခါ Lyvette ကို ထိန်းသိမ်း ထားကြောင်း လော့စ်အိန်ဂျလိစ် ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘဲလ်ဂါးဒင်း မြို့တော်ဝန် Daniel သည် မြို့တော် ကောင်စီ အဖွဲ့ဝင် တစ်ဦး အဖြစ်လည်း ၁ဝ နှစ် ထက်မက အလုပ်အကျွေး ပြုနေသူဖြစ်ပြီး ဇနီးသည် Lyvette နှင့် ငယ်ကျွမ်းဆွေများ ဖြစ်ကာ ၁၉၈၆ ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည်။ Daniel သည် လော့စ်အိန်ဂျလိစ် ပြည်နယ် ခြေချုပ် တရားခံ စောင့်ကြည့်ရေး အရာရှိ အဖြစ်လည်း လက်ရှိ တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

Lyvette ကို ဒယ်နီယယ် အား သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်မှုဖြင့် သင်္ကာမကင်း ဖြစ်ကာ ထိန်းသိမ်း ထားသော သေမှုသေခင်း ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်း ပြီးနောက် ပြန်လွှတ် ပေးလိုက်ပြီး ယခုအချိန် ထိလည်း နောက်ထပ် သံသယ ရှိသူများကို ထပ်မံ ဖမ်းဆီး ထားခြင်း မရှိသေးဘဲ Lyvette ၏ စစ်ကြောချက် များကို တရားရုံးသို့ တင်ပြပြီးမှ တရားစွဲဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ဖခင် နှင့် မိခင် တို့သည် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စကားများ ခဲ့ကြောင်း၊ သားဖြစ်သူက ဖျန်ဖြေရန် ကြိုးစား ခဲ့ပါကြောင်း၊ သို့သော် Daniel နှင့် Lyvette တို့ လုံးထွေး သွားခဲ့ပြီး Lyvette လက်ထဲတွင် သေနတ်တစ်လက် ရောက်လာကာ Daniel အား အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ က ထပ်မံ အတည်ပြု ပြောကြားသည်။

Daniel သည် အေးဆေးစွာ နေတတ်သူ ဖြစ်ပြီး မြို့တော်ဝန် တာဝန်များကို ဆောင်ရွက်ရာတွင် လူထု မကျေနပ်ချက်များ နှင့် ကင်းရှင်းသူ ဖြစ်သောကြောင့် ပြင်ပပုဂ္ဂိုလ် တစ်ဦးဦးက ဝင်ရောက် လုပ်ကြံခြင်း မဖြစ်နိုင်ကြောင်း နီးစပ်သော အသိုင်းအဝိုင်း က ပြောဆို နေကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment