ပြည်မြို့တွင် လိုင်စင်မဲ့ပြိုင်ကားတစ်စီး ဖမ်းဆီးရမိ



ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အောက်တိုဘာ ၁ရက်က လိုင်စင်မဲ့ ပြိုင်ကားတစ်စီး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်လက်ဝယ်ရှိသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ 

ထိုနေ့ နေ့လည်၁ နာရီအချိန်က ပြည်မြို့ ရွာဘဲရပ်ကွက် အောင်သုခနယ်မြေ အောင်သုခလမ်းတွင် နွေးထွေးရိပ် တည်းခိုခန်းရှေ့၌ လိုင်စင်မဲ့ ပြိုင်ကားတစ်စီးရပ်ထားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ အဖြူရောင် FAILADY အမျိုးအစားပြိုင်ကားဖြစ်ပြီး တရားဝင် မှတ်ပုံတင် အထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်း မရှိ၍ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ 

မော်တော်ယာဉ် လက်ဝယ်ထားရှိသူ ကိုဟိန်းထက်စိုး အသက်(၂၀)နှစ်အား ပြည် အမှတ်(၁)ရဲစခန်းတွင် (ပ)-၂၆၅ / ၁၄ ပို့/ သွင်း ပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Mizzima

0 comments:

Post a Comment