အတွင်းခံဘောင်းဘီစွပ်အကောက်ခွန်အရာရှိများကြောင့် တရားရုံးတွင် ပွတ်လောရိုက်ခဲ့

စက်တင်ဘာလ ၂၄ ရက်၊ ပက်တလင်းဂျာရာ- ပက်တလင်းဂျာရာတရားရုံးတွင် ရမန်ရ
ထားသောအကောက်ခွန်အရာရှိ ၁၅ ဦးအနက်
အချို့က မျက်နှာဖုံးကွယ်ရန် အတွင်းခံဘောင်း


ဘီဖြင့် ခေါင်းအုပ်လာ၍ လူစိတ်ဝင်စားစရာမြင်ကွင်းဖြစ်ခဲ့သည်။

ဆေးလိပ်များနှင့်အရက် မှောင်ခို တင်သွင်းခြင်းအပေါ် စုံစမ်းစစ်ဆေးမှုကို မလေးရှားလာဘ်ပေးလာဘ်ယူဆန့်ကျင်ရေးကော်မရှင် (MACC)မှ ကူညီရန် နောက်ထပ် ၅ ရက်အချိန်ပေး၍ တရားသူကြီးအာမတ်ဆိုလီဟင်းအပ်ဒူလ်ဝါဟိ (Ahmad Solihin Abd Wahid)က အကောက်ခွန်အရာရှိများကို ဗုဒ္ဓဟူးနေ့အထိ ရမန်တိုးထားသည်။

အက်ဥပဒေ ၂၀၀၉၊ ငွေမည်းငွေဖြူခ၀ါချခြင်းဆန့် ကျင်ရေးနှင့်ဘဏ္ဍာအကြမ်းဖက်ဆန့်ကျင်ရေးအက်ဥပဒေ ၂၀၁၀ တို့ဖြင့် အရာရှိ ၁၅ ဦးကို စုံစမ်းလျက် ရှိသည်။

ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီခန့်တွင် သံသယရှိသူများသည် တရားသူကြီးရုံးသို့ရောက်လာကြသည်။
၎င်းတို့ကို စက်တင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာလ ၂၉ ရက်တွင် ရမန်ရမည်ဟု မျှော်လင့်ရ သည်။

သန်းပေါင်းရာချီတန်သော တရားမ၀င်ပစ္စည်းများအပါအ၀င်လာဘ်ပေးလာဘ်ယူမှုကြောင့် MACC ၏နှိမ်နင်းရေးအဖြစ် အကောက် ခွန်အရာရှိများကိုဖမ်းဆီးခဲ့သည်။

အကောက်ခွန်အရာရှိ ၉ ဦး သည် တရားရုံးအသီးသီးတွင် အမှုရင်ဆိုင်လျက်ရှိကြပြီး အခြားအရာရှိများစွာကိုလည်း စုံစမ်းစစ်ဆေး လျက်ရှိသည်ဟု အကောက်ခွန်အရာရှိဒါရိုက်တာဒါသွတ်
မိုဟာမက်နာဆီ(Datuk Mohd Nasir)က ပြောပြသည်။

မြတ်ရှင် ၀တ်ဆိုဒ်စာမျက်နှာမှ

0 comments:

Post a Comment