မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု စွပ်စွဲခံရသူကို ရုံးထုတ်ပြီ၊ တရားခွင်တွင် ရုန်ရင်းဆန်ခတ်ဖြစ်ပွား



ပုံ-သြဂုတ်လ ၂၈ရက်ထုတ် News Watch ဂျာနယ်မှ အေးချမ်းမြတ်မိုးသေဆုံးမှုသတင်း


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းကို ဓါးဖြင့်ထိုးခံရပြီး သေဆုံးခဲ့သည့် မော်ဒယ်အေချမ်းမြတ်မိုး၏ သေဆုံးမှုဖြစ်စဉ်စစ်ဆေးခြင်းကို
သဆုံးပြီး ၃၆ရက်အကြာတွင် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့(အောက်တိုဘာ ၂ရက်)က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယခုပထမဆုံးအကြိမ်စစ်ဆေးခြင်းတွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးခြင်းဖြစ်ပြီး သေဆုံးသူမော်ဒယ်အေးချမ်းမြတ်မိုး၏ အစ်ကိုအရင်းဖြစ်သူ ကိုအာကာဝဏ္ဏအား အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အစအဆုံးကို ပြန်လည်မေးမြန်းခဲ့သည်။

“ညီမလေးကို သူလိုက်နှောင့်ယှက်နေတယ်ပြောလို့ ကျွန်တော်နဲ့ အချေအတင်စကားများခဲ့ပါတယ်သေးတယ်၊ သူက နောက်မလုပ်တော့ဘူး ပြောပါတယ်၊ ဒါပေမယ့် ညီမလေးသေဆုံးပြီးချိန်မှာတော့ သူဟာ ညီမလေးကို သူ့ကိုပြန်မချစ်ရင် သတ်ပစ်မယ်၊ သူ့ကိုယ်သူလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ညီမလေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်”ဟု ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် သမီးရည်းစားချင်း စကားများ၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောင်တွင် အေးချမ်းမြတ်မိုး၏ မိခင်က သမီးရည်းစားမဟုတ်ကြောင်း၊ ကျုးလွန်သူ အံ့ဖြိုးပိုင်သည် ၎င်း၏သမီးအားတဖက်သတ် ချစ်ကြိုက်နေသူသာဖြစ်ကြောင်း မီဒီယာများအား ရှင်းပြခဲ့သည်။

“ဒါက ပထမဆုံးရုံးတင်စစ်ဆေးတာပါ၊ တရားလိုပြသက်သေတွေအားလုံး စစ်ဆေးပြီးမှပဲ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု တရားလို၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးဇော်မင်း(နေရှင်နယ်)က ပြောသည်။

တရားခွင်ပြီးဆုံးချိန်၌ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ အံ့ဖြိုးပိုင်နှင့်သေဆုံးသူ၏မိခင်ဖြစ်သူတို့ ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ သေဆုံးသူ၏မိခင်က “နင်ငါ့သမီးကို သတ်တယ်”ဟုဆိုကာ ပါးပြေးရိုက်ခဲ့သည်။

ယင်းအပြင် အံ့ဖြိုးပိုင်၏ဖခင်ကလည်း ၎င်း၏သားကို သတင်းထောက်များ ဓါတ်ပုံရိုက်ကူး၍မရနိုင်အောင် ဦးထုပ်နှင့်ကာဆီးကာ ကင်မရာများအရှေ့မှာ လက်နှင့် ကာရမ်းခဲ့သည်။

ဒုတိယရုံချိန်းအဖြစ် တရားလိုပြ သက်သေစစ်ဆေးခြင်းကို အောက်တိုဘာလ ၁၆ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် တရားလိုပြရှေ့နေ အယောက်၂၀ အား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြေး တရားခွင်မှ သိရသည်။

ယင်းအမှုအား စစ်ဆေးနေစဉ်အတွင်း ရန်ကုန် အနောက်ပိုင်ခရိုင်တရားရုံး၌ လျှပ်စစ်မီး ပြတ်တောက်နေခဲ့သည်။

မြတ်ထွဋ်ကျော်
စောင့်ကြည့်သတင်းဂျာနယ်

0 comments:

Post a Comment