အမေရိကန် စစ်ဘက်သုံး သတင်းကွန်ရက် အတွင်း ဖောက်ထွင်း ၀င်ရောက်ခဲ့သူ Hacker လေးဦး တရားစွဲဆိုခံရ

Hackers charged with stealing over $100m in US army and Xbox technology
လူကြိုက်များသည့် စစ်ပွဲဂိမ်းများ အပြင် အမေရိကန် စစ်ဘက်သုံး သတင်း ကွန်ရက်များ အတွင်း ဖောက်ထွင်း ၀င်ရောက် ခဲ့သည့် နိုင်ငံတကာ Hacker အဖွဲ့မှ အဖွဲ့ဝင် လေးဦးအား တရားစွဲဆို မှုများ ပြုလုပ် ထားကြောင်း စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန် အစိုးရ ရှေ့နေများ၏ ပြောကြားချက် ကို ဇီး သတင်းဌာနက ကိုးကား ဖော်ပြသည်။

အဆိုပါ Hacker သမားများသည် ရဟတ်ယာဉ်မှူး များ လေ့ကျင့်ရာတွင် အသုံးပြုသည့် ပရိုဂရမ်များ နှင့် ယနေ့ အချိန်ထိ ထုတ်လွှင့်ခြင်း မရှိသေးသည့် စစ်ပွဲဂိမ်းများ ဖြစ်သော " Gears of War 3 " နှင့် " Call of Duty : Modern Warfare 3 " ဂိမ်းများအတွင်း ဖောက်ထွင်း ဝင်ရောက် ခဲ့ကြပြီး အမေရိကန် ဒေါ်လာသန်း ၁ဝဝ တန်ဖိုးရှိ ဆော့ဖ်ဝဲလ်များ နှင့် သတင်း အချက်အလက် များကို ဖောက်ထွင်း ခိုးယူ သွားခဲ့ကြောင်း လက်ထောက် ရှေ့နေချုပ် လက်စ်လိုင်း ကားလ်ဝဲလ် က ပြောကြားသည်။

နိုင်ငံတကာ Hacker အဖွဲ့သည် အမေရိကန် ရဟတ်ယာဉ်မှူးများ လေ့ကျင့်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲလ်များမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် X-Box ဂိမ်းများအထိ အဆင့်မြင့် နည်းပညာသုံး အမေရိကန် ထုတ်ကုန် ပစ္စည်းများတွင် အသုံးပြု ထားသည့် ကုန်သွယ်မှု လျှို့ဝှက် သတင်း အချက်အလက် များကို ဖောက်ထွင်း ခိုးယူခဲ့ ကြကြောင်း လက်စ်လိုင်းကားလ်ဝဲလ် က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment