ဆီးရီးယားတွင် IS အဖွဲ့မှ လူ ၇ ဦး နှင့် အမျိုးသမီး ၃ ဦး ကို ခေါင်းဖြတ်သတ်


IS အဖွဲ့ ချီတက်ရာလမ်းကြောင်း၌ ခုခံသူများကို ခြောက်လှန့်ပြသည့် သဘောဖြင့်IS အဖွဲ့မှ ဆီးရီးယား၊ ကာ့ဒ်မြောက်ပိုင်း နယ်မြေ၌ လူ (အမျိုသား) ၇ ဦး နှင့် အမျိုးသမီး ၃ ဦး ကို ခေါင်းဖြတ်သတ်လိုက် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အုပ်စုတစ်ခု မှ ဗုဒ္ဓဟူး (အောက်တိုဘာ ၁) နေ့က ပြောကြားသည်။


တူရကီ နှင့် နယ်စပ်၊ ကာ့ဒ်မြို့ ကိုဘာနီ၏ အနောက်ဘက် ၈ မိုင်အကွာ၌ IS မှ အမျိုးသမီး ၃ ဦး အပါအဝင် ကာ့ဒ်တပ်ဖွဲ့ဝင် ၅ ဦး နှင့် ဆီးရီးယား အာရပ်သူပုန် ၄ ဦးကို ဖမ်းဆီးထားခဲ့ပြီး အင်္ဂါ (စက်တင်ဘာ ၃၀) နေ့က ခေါင်းဖြတ်သတ်ပစ်လိုက်သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ရာမီ အဗ္ဗဒူလ် ရာမန်က ပြောကြားသည်။

ကာ့ဒ်အရပ်သားအမျိုးသားတစ်ယောက်လည်း ခေါင်းဖြတ်အသတ်ခံရသေးသည်ဟု ၎င်းက ပြောကြားသည်။
IS အဖွဲ့မှ အီရတ် နှင့် ဆီးရီးယားတွင် ၎င်း၏ ရန်သူများ နှင့် အရပ်သားများအား ခေါင်းဖြတ် သတ်ပစ်လေ့ ရှိသည်။

IS အဖွဲ့မှ နိုင်ငံခြားသား သတင်းထောက်များနှင့် ကူညီရေးလုပ်သားတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်သည်။

မျိုးမင်းသန့် ဘာသာပြန်ဆိုသည်

ရွှေမြန်မာမီဒီယာ

0 comments:

Post a Comment