ဖြတ်ထားသော ခြေထောက်တစ်ဖက် ရောင်းမည့်သူ



အသက် (၅၃)နှစ် အရွယ်ရှိ နယ်သာလန် နိုင်ငံသား လီယိုဘွန်တန်ဟာ ဖြတ်ထားတဲ့ ခြေထောက်ကို ပြန်ရောင်းပြီး ခြေတု ၀ယ်ယူဖို့ စီစဉ် ထားကြောင်း သိရပါတယ်။ ဘွန်တန်ဟာ ၂၀၁၂၊ ဇူလိုင်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆ ဖြစ်ရပ်ကြောင့် ခြေထောက်ကျိုး ဒဏ်ရာ ရရှိခဲ့ပြီး ဘက်တီးရီးယား ပိုးကြောင့် ခြေထောက် ဖြတ်ပစ်ဖို့ အကြောင်းဖန်လာခဲ့ ပါတယ်။ ဘွန်တန်ဟာ သူငယ်ချင်း ဖြစ်သူရဲ့နောက်ပြောင်မှုကြောင့် အခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။ ဘွန်တန်ဟာ ဖြတ်ခဲ့တဲ့ ညာဘက် ခြေထောက်ကို နေအိမ်ကို ပြန်လည် ယူဆောင်လာ ပြီးတဲ့နောက် မီးအိမ်မှန်ဘောင် ထဲမှာ ထည့်သွင်း ခဲ့ပါတယ်။ ဘွန်တန်ဟာ ခြေထောက် တစ်ဖက်တည်းနဲ့ ပြုလုပ်ထားတဲ့ ပထမဆုံး မီးအိမ်ကို ရောင်းချပြီး ခြေတု ၀ယ်ယူဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။ ဘွန်တန်က ကျွန်တော့်ရဲ့ ခြေထောက်ဟာ ကိုယ်ပိုင်ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သိမ်းထားပိုင်ခွင့် ရှိပါတယ်။ ကျွန်တော့် ရဲ့ ခြေထောက်နဲ့ မီးအိမ် ဖန်တီးပြုလုပ်ခဲ့ ပါတယ်လို့ ပြောကြားသွားခဲ့ ပါတယ်။

ဆေးရုံ ကလည်း ဘွန်တန်ရဲ့ ခြေထောက်ကို ဖြတ်ပေးပြီးတဲ့ နောက် နေအိမ်ကို ယူဆောင်ဖို့ ခွင့်ပြုချက်ပေးခဲ့ ပါတယ်။ ဘွန်တန်က မိမိအနေ ဖြင့် ခြေတုတပ်ရန် လိုအပ်သဖြင့် ဖြတ်ထားတဲ့ ခြေထောက်နဲ့ ပြုလုပ် ထားတဲ့ မီးအိမ်ကို ရောင်းချ လိုကြောင်း မိမိ၏ ပစ္စည်းကို ချမ်းသာတဲ့သူ တစ်ဦးက စိတ်ကူးပေါက်ပြီး ပေါင် (၇၈၀၀၀) ပေးဝယ်ယူရန် မျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။ အလွန်တရာ ဆန်းကြယ်တဲ့ စိတ်ကူး ဖြစ်ပေမယ့် eBoy၀က်ဘ် ဆိုက်မှာတော့ ရောင်းချခွင့်ပိတ်ပင် ထားပါတယ်။ အွန်လိုင်းကနေ ပစ္စည်းတွေ ရောင်းချနိုင်တဲ့ eBoy ဟာ လူသားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းဝယ်မှုကို တားမြစ် ပိတ်ပင်ထား တာကြောင့် ဖြစ်ပါတယ်။

Messenger

0 comments:

Post a Comment