ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တဲ့ "ဇာဗီ"


ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်
ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၄) နှစ်အရွယ် ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား "ရာကီတစ်" အစားဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်း တစ် လျှောက်ပွဲအများဆုံးကစားသမားအဖြစ်ယခင်က "ဇာဗီ"နဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား "ဖီဂို"တို့က အတူရပ်တည်နေတာဖြစ်ပြီး၊လက်ရှိအချိန်မှာတော့ "ဇာဗီ"က တစ်ပွဲအသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့အောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၄၁) ပွဲ၊ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ ဂိုးသမား "ကာဆီးလက်စ်"က ပွဲပေါင်း (၁၄၁) ပွဲနဲ့ အေစီမီလန်အသင်းရဲ့ကွင်းလယ် ကစားသမားဟောင်း "ဆီးဒေါ့ဖ်"က ပွဲပေါင်း (၁၂၅) ပွဲနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါကစားသမားများဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲကစားထားတဲ့ ပွဲစဉ်များပါဝင်ခြင်းမရှိဘဲ ရပ်တည်နေတာဖြစ်ပြီး၊ခြေစစ်ပွဲများ ပါဝင်ပါက "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၅၁) ပွဲကစားထားပြီး၊ ထိပ်ဆုံးကရပ်တည်သွားမှာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်း ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် (၂) ပွဲကစားထားပြီး၊ ရမှတ် (၃) မှတ်နဲ့ အဆင့် (၂)နေရာမှာ ရပ်တည်နေတာ ဖြစ်တယ်လို့သိရပါတယ်။

0 comments:

Post a Comment