ပြင်သစ်နိုင်ငံသား ကို ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူများကို အယ်လ်ဂျီးရီးယား ဖော်ထုတ်နိုင်ခဲ့

ဆီးရီးယား နှင့် အီရတ် စစ်မြေပြင် ပြင်ပနိုင်ငံတွင် ISIS ဆက်နွယ်သူ စစ်သွေးကြွများ ခေါင်းဖြတ်သတ်ခြင်း ခံရသည့် ပြင်သစ်နိုင်ငံသား

အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးကို ပြန်ပေးဆွဲ၍ ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆ ရသူများကို ၄င်းနိုင်ငံရှိ စုံစမ်း စစ်ဆေးရေးမှူး များက ဖော်ထုတ် နိုင်ခဲ့ကြောင်း တရားရေး ဝန်ကြီးဌာန က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်း အမျိုးသားဥယျာဉ်တွင် လှည့်လည် သွားလာ နေသည့် ဟာ့ဗ်ဂူဒယ်လ် (၅၅)နှစ် အမည်ရှိ ပြင်သစ် နိုင်ငံသားကို ဂျီဟတ် စစ်သွေးကြွ အုပ်စုနှင့် ဆက်စပ်နေသော စစ်သွေးကြွ အုပ်စုတစ်စု ဖြစ်သည့် Jund al-Khalifa က စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ခေါင်းဖြတ် ကွပ်မျက် ခဲ့သည့်ပုံကို စက်တင်ဘာ ၂၄ ရက်က အွန်လိုင်း ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

အီရတ်ရှိ ISIS စစ်သွေးကြွ များအပေါ် ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု များကို ရပ်တန့်ရန် ပြန်ပေးဆွဲ သူများ၏ ရာဇသံ ပေးချက်ကို ပြင်သစ်နိုင်ငံ က ပယ်ချခဲ့ပြီး နောက်တွင် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ အယ်လ်ဂျီးရီးယား တရားရေး ၀န်ကြီး က ဖော်ထုတ်နိုင် ခဲ့သည် ဆိုသည့် စစ်သွေးကြွ များမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment