ကိုထင်ကျော်ကို ရွှေပြည်သာတရားရုံးက ဥပဒေပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်နှစ်နှစ်ချမှတ်


ရန်ကုန်၊ စက်တင်ဘာ ၁၂- နိုင်ငံတော် အကြည်ညိုပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရ သည့် ၂ဝဝ၇ ကုန်ဈေးနှုန်းကျဆင်းရေး အ ဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ရွှေပြည် သာမြို့နယ်တရားရုံးက စက်တင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီတွင် ထောင်ဒဏ် နှစ် နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက်က ပြည်ထောင်စုအစိုးရအား အယုံအကြည် မရှိကြောင်း လက်ကမ်းစာများ ဖြန့်ဝေမှု၊ ဟောပြောမှုတို့ကြောင့် ကိုထင်ကျော်အား ရွှေပြည်သာမြို့နယ် တရားရုံးက အထက်ပါ အတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ကို ထောင်ချခြင်းဟာ ကျွန်တော့်ခန္ဓာကိုယ်ပဲ ထိန်းချုပ်လို့ ရပါ မယ်။ ကျွန်တော်တို့ ပြည်သူတွေနဲ့ တိုင်း ပြည်နောက်မျိုးဆက်ကို ကောင်းအောင်လုပ် မယ့်သူတွေရဲ့ ယုံကြည်ချက်ကိုတော့ ထောင် ချဖမ်းဆီးလို့မရဘူး''ဟု အမိန့်ချအပြီးတွင် ကိုထင်ကျော်က ပြောသည်။
ကိုထင်ကျော်အား အစိုးရအပေါ် အကြည်ညိုပျက်စေမှုဖြင့် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ တရားစွဲဆိုထားပြီး တရားရင်ဆိုင် ရန် ကျောက်တံတားမြို့နယ်သာ ကျန်ရှိတော့ ကြောင်း သိရသည်။
''အခုက ၁ဝ မြို့နယ် အမိန့်ချပြီး ပြီပေါ့နော်။ ကျောက်တံတားမြို့နယ် တစ်ခု ပဲ ကျန်တော့တယ်။ အခု ရွှေပြည်သာမြို့ နယ်က နှစ်နှစ် အမိန့်ချလိုက်ပါတယ်''ဟု ကိုထင်ကျော်၏ဇနီးဖြစ်သူ ဒေါ်သန်းသန်း မော်က ပြောသည်။
င်ငံတော် အကြည်ညိုပျက်စေ မှုဖြင့် ကိုထင်ကျော်အား တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံအရှေ့၊ ဒဂုံမြောက်၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင် သာယာ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်းနှင့် ကျောက် တံတားမြို့နယ်တို့မှ တရားစွဲဆိုခဲ့ခြင်း ဖြစ် ပြီး မြို့နယ် ၁ဝ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ် လေးလချမှတ်ခံ ထားရပြီးဖြစ် သည်။

TheFlowerNews

0 comments:

Post a Comment