အရိုးပါး ရောဂါ မဖြစ်အောင် ဘာတွေ စားမလဲ ဘာတွေ ရှောင့်ရမလဲ

အရိုးပွ အရိုးပါး ရောဂါမဖြစ် အောင် အကောင်းဆုံး ကာကွယ်နည်း ကတော့ အရိုးတည် ဆောက်ရာမှာ နှင့် အရိုးသိပ် သည်းဆကို ထိန်းရာမှာ အရေးတကြီး လိုအပ်တဲ့ အာဟာရ ဓာတ်များကို လုံလုံလောက်လောက် ရရှိဖို့ပဲ ဖြစ်ပါတယ်။


သွေးဆုံးပြီး အမျိုးသမီး တွေမှာ အီစထရိုဂျင် ဟော်မုန်းဓာတ် ဆုံးရှုံး လျော့နည်း တာကြောင့် ယင်းဟော်မုန်း ပမာဏ တက်စေမယ့် ပဲပုပ် beans နှင့် ဘိုရွန် (Boron) ပါဝင်မှု မြင့်မားတဲ့ အစား အစာမျိုးကို စားပါ။ အီစထရိုဂျင် ပမာဏမြင့်မားခြင်းက အရိုးပွ အရိုး ပါးဖြစ်ခြင်းကို ကာကွယ် ပေးပါတယ်။ သင်ကငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်နေရင် ဓမ္မတာရာသီ မှန်စေဖို့၊ ခန္ဓာကိုယ်မှာ ပုံမှန် အဆီ ပမာဏရှိနေစေဖို့နှင့် အီစထရိုဂျင် ပမာဏ ရှိနေစေဖို့၊ အဆီဒါမှမဟုတ် ကိုလက်စထရောလ် ပမာဏ အလုံ အလောက် စားပေးပါ။ ကယ်လ်စီယမ် သတ္တုဓာတ်ကို ခိုးထုတ်ပစ်မယ့် အစားအစာနှင့် အဖျော် ယမကာများကို နည်းနည်းပဲ စားပါ။

ကော်ဖီကို တစ်နေ့ ၃ ခွက်အောက် လျှော့သောက်ပါ။ ဆိုဒီယမ် (တစ်နည်းအိမ်သုံး ဆား၊ အချိုမှုန့်) စားသုံးခြင်းကို ကန့်သတ်ပါ။ ယင်းက ကယ်လ်ဆီ ယမ်ကို ခန္ဓာကိုယ်ပြင်ပသို့ ပထုတ် ပစ်တတ်ပြီး အရိုးကို အားနည်းစေ ပါတယ်။ သင်ဟာ အရက်သောက်တတ် သူဖြစ်ပါရင် တစ်နေ့ တစ်ခွက်လောက် ဆို အရိုးအတွက် အကျိုးရှိစေနိုင်ပါ တယ်။ များရင် အရိုးများကို ပျက်စီး စေနိုင်ပါတယ်။

Health Digest

0 comments:

Post a Comment