ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း



ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း
(Bermuda Triangle/Devil's Triangle)

ဘာမြူဒါတြိဂံနယ်မြေ ဟာ ပုံပြင် တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေ
လေယာဉ်ပျံတွေ ပျောက် သွား တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိ သည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ်မရှိဘူးဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်း မ ရှိ ပါ ဘူး။

လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေ ဋ္ဌိ ကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။

'ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့
ပင်လယ်ရေအောက် မြေကြီးကထွက်ပေါ်လာတဲ့ အ လွန် ကြီး မား တဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။

သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ်အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ် အင် ဂျင် နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။

သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။

သင်္ဘောတွေ ဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'

0 comments:

Post a Comment