
ယခုနှစ် ဒုတိယ ၃ လပတ်တွင် ဖေ့စ်ဘုတ်၏၀င်ငွေမှာ ၆၁ ရာခိုင်နှုန်း တိုး လာပြီး ဒေါ်လာ ၂.၉၁ ဘီလီယံရှိကြောင်း ဇူလိုင်လကုန်ပိုင်း က ကြေညာ ခဲ့သည်။ မိုဘိုင်းကဏ္ဍမှဝင်ငွေမှာ ယခင် ၃ လပတ်က ၅၉ ရာခိုင် နှုန်းရှိရာမှ ၆၂ ရာခိုင်နှုန်းထိ မြင့် တက်လာခဲ့သည်။ ဖေ့စ်ဘုတ် အမှုဆောင်ချုပ် မက်ဇူကာဘက် မှာ ကမ္ဘာပေါ်တွင် ၁၃ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇူကာဘက်က မိုဘိုင်းကြော်ငြာလုပ်ငန်းအား ကုမ္ပဏီ ၏ အဓိက စီးပွားရေး အဖြစ် ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့သည်။
ကုမ္ပဏီ ဘုတ်အဖွဲ့တွင် မဲပေးခွင့် ၆၁.၆ ရာ ခိုင်နှုန်းအထိ ရရှိထားသည့် ဇက်ကာဘက်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၃၄.၅ ဘီလီယံရှိသည်။ ဖေ့စ်ဘုတ် ရှယ်ယာဈေးမှာ ၁ နှစ်အတွင်း ၈၀ ရာ ခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သဖြင့် ဇက်ကာဘက်၏ ကြွယ်ဝမှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘုတ်တွင် ပျမ်းမျှကြော်ငြာခနှုန်းများမှာ ၂ ဆ ကျော်တက် လာခဲ့ပြီး ၂၀၁၃ ခုနှစ်၏ ကမ္ဘာ တစ်ဝန်း ဒီဂျစ်တယ်ကြော်ငြာဝင်ငွေ၏ ၅.၈ ရာခိုင်နှုန်းအား ဖေ့စ်ဘုတ် က ရရှိ ခဲ့သည်။
KHTun
The Ladies News Journal
0 comments:
Post a Comment