ဗိုလ်ချုပ် ရုပ်ရှင် အတွက် တပ်မတော် မော်ကွန်းတိုက်တွင် သိမ်းထားသည့် ပုံစံတူ ကားကို တောင်းခြင်းဟုဆို


ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ဝင်ခန်း အတွက် ဗိုလ်ချုပ် စီးခဲ့သော ကားနှင့်အိမ်ကို ထည့် သွင်း ရိုက်ကူးနိုင်ရန် သမ္မတထံ တောင်း ဆိုထားကြောင်း ဇာဂနာက ပြောသည်။

”ဗိုလ်ချုပ် စီးတဲ့ ကား ဆိုတာနဲ့ ဗိုလ် ချုပ်အိမ် ပြတိုက်က ကား မဟုတ်ဘူး။ ပုံစံတူ တပ်မတော် မော်ကွန်း တိုက်မှာ သိမ်းထားတဲ့ ကားကို တောင်းတာ ဖြစ် တယ်” ဟု ဇာဂနာ က ဆိုသည်။
အဆိုပါ ကားအား ရိုက်ကူးရေး တွင် သုံးစွဲ ခွင့်ပေးပါက ဘော်ဒီ တစ်ခုသာ ယူပြီး အထဲမှ အင်ဂျင် များကို ပြန်လည် ပြုပြင်၍ ဇာတ်ကား ရိုက်ကူး ပြီးစီးပါက တပ် မတော် မော်ကွန်းတိုက် သို့ ပြန်လည် လှူဒါန်း သွားမည်ဟု သိရသည်။
”ဗိုလ်ချုပ်ကားနဲ့ အိမ်က မပါမဖြစ် တာမို့ တောင်းတာပါ။ လောလောဆယ် သမ္မတက ပြန်မရောက်သေးလို့ အဖြေ မရသေးတာပါ။ ရကိုရမှာပါ” ဟု ဇာဂနာ က ပြောသည်။

ယခု ရိုက်ကူးမည့် ဇာတ်ဝင်ခန်း အခန်း တို့သည် ၁၉၄၆ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကို ဘုရင်ခံ က ခေါ်ပြီး အစိုးရအဖွဲ့ ကို ခေါင်းဆောင်ပေး ပါရန် ဝန်ကြီးချုပ် ရာထူး ခန့်လိုက်သည့် သမိုင်းဝင် မှတ် တမ်းအား ဇာတ်ဝင်ခန်း တစ်ခုအဖြစ် ရိုက်ကူး သွားမည်ဟု သိရသည်။
”ပြည်သူတွေ နားလည်မှု လွဲသွား မှာစိုးရိမ်တယ်။ ဗိုလ်ချုပ်ကားကို မတောင်း ပါဘူး။ အိမ်ဆိုလည်း အထဲမှာ လုံးဝမရိုက် ပါဘူး။ မီးထိုးမှန်ထိုး နဲ့ဆိုတော့ ပစ္စည်း တွေ ပျက်သွား မှာ စိုးရိမ်လို့ ကျွန်တော် ကိုယ်တိုင်က ခွင့်မပြုဘူး” ဟု ဇာဂနာက ပြောသည်။

”ဒီဇာတ်ဝင်ခန်း အတွက် သရုပ် ဆောင်တွေကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က သင်တန်း ပေးတာ နှစ် ပတ် သုံးပတ် ရှိပြီ။ အရန် သရုပ်ဆောင် ကလည်း အနုပညာ ဝါသနာပါတဲ့ ပြည်သူ ထဲကပါ။ နာမည်ကြီး အနုပညာရှင် မပါ ဘူး” ဟု ဇာဂနာ က ဆက်ပြောသည်။
အဆိုပါ ဇာတ်ဝင်ခန်း တို့ကို သမ္မတ ထံမှ ခွင့်ပြုချက် တောင်းထားသည့် ကိစ္စ ပြေလည်ပါက စတင် ရိုက်ကူးတော့မည် ဟု သိရသည်။

ထူးထူး
Popular Myanmar

0 comments:

Post a Comment