မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဆိုတာကြီး မလုပ်ကြပါနဲ.တော့

ဆောင်းပါးရှင်-ကျော်စွာမြင့်


မြန်မာနိုင်ငံမှာ အတိုင်းအတာတစ်ခုအရ ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပြီဆိုရပြီဆိုရင်ပဲ ပြည်တွင်းကအနုပညာဆိုင်ရာ မော်ဒယ်အေဂျင်စီ အသီးသီးတွေ၊ ပြည်ပက CountryDirector လို.ခန်.ထားတယ်ဆိုတဲ့ လစာဘယ်လောက်ရလို.၊အခွန်ဘယ်လောက်ဆောင်ထားမှန်းမသိတဲ့ ကိုယ်စားလှယ်ဆိုသူတွေက ပြည်ပနိုင်ငံအသီးသီးမှာနေ.စဉ်လောက်နီးပါး မရိုးနိုင်အောင် ကျင်းပနေကြတဲ့ အမည်ပေါင်းစုံနဲ. Miss-အလှမယ် ပြိုင်ပွဲတွေကို သွားကြယှဉ်ပြိုင်ကြပေါ့။ ဒါ့အပြင် လူမှုကွန်ယက်တွေမှတဆင့်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်နေတဲ့ဘယ်အလှမယ် ဘယ်သူ.အတွက် Online ကမဲပေးကြပါဆိုတာတွေလည်း မနည်းပါ။ ကိုယ်တွေတောင် ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို.Onlineကမဲတွေပေးခဲ့ဘူးသေးတယ်။မြန်မာနိုင်ငံကိုယ်စားပြုဆိုတော့မြန်မာနိုင်ငံ
သားတစ်ယောက်အနေနဲ. သမိုင်းပေးတာဝန်ဖြစ်လာတယ်လေ။

နိုင်ငံသားတွေက ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို. ဘာမှန်းညာမှန်းမသိ Online ကမဲတွေပေးလိုက်ကြ၊ သူတို.ဆုတွေရလို.ပြန်လာရင်လည်း သတင်းမီဒီယာတွေမှာ၊ လူမှုကွန်ယက်တွေမှာဝိုင်းပြီးချီးမွန်းလိုက်ကြနဲ. ကိုယ်အရပ်နဲ.ကိုယ့်ဇာတ် ဖြစ်နေခဲ့တာ သုံးနှစ်လောက်ရှိနေခဲ့ကြပါပြီ။

ယခုနောက်ဆုံး ကိုရီးယားနိုင်ငံက Miss Asia Pacific World Organization ဆိုတဲ့ အဖွဲ.အစည်းကကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုဆိုပြီးမေမြတ်နိုးကအဲဒီ့အဖွဲ.အစည်းရဲ. Country Director ဆိုသူ မလှနုထွန်း တို.ရဲ.ရွေးချယ်မှုအရ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအားလုံးထဲမှာ Miss Asia Pacific World ဆုရခဲ့တယ်လို.သိရပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ.တော့ မြန်မာနိုင်ငံ
ကိုယ်စားပြုပထမဆုကြီးရတယ်ဆိုတော့ ၀မ်းသာဂုဏ်ယူမိတာပေါ့။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူမှုကွန်ယက်တွေမှာ မြန်မာနိုင်ငံကိုယ်စားပြု MissAsian Pacific World ရရှိခဲ့သူ မေမြတ်နိုးဟာ County Director မလှနုထွန်းရဲ.စကားကိုနားမထောင်လို.၊ အဖွဲ.အစည်းရဲ.စကားကိုနားမထောင်လို.သရဖူပြန်သိမ်းမယ်ဆိုတာတွေ တွေ.လာခဲ့ရပြန်ပါတယ်။ဒါ့အပြင် မေမြတ်နိုးက သရဖူကို ခိုးယူသွားပြီးတိမ်းရှောင်နေတယ်ဆိုတာ၊မေမြတ်နိုးမိခင်က Visa သက်တမ်းလိမ်တိုးထားတယ်
ဆိုတာ၊ ၊အသက်မပြည့်ပဲ အသက်လိမ်တယ်ဆိုတာ၊ ရင်သားခွဲစိတ်ပြီး အတွင်းခံဘိုးငွေချေးတယ်ဆိုတာ စသည် စသည်ဖြင့် လူမှုကွန်ယက်တွေမှာ ကြားသိမြင်တွေ.နေရပေမယ့် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာလည်း ကိုယ့်အလုပ်မဟုတ်လို. စိတ်မ၀င်စားခဲ့ပါဘူး။နောက်ပြီး Miss ရတဲ့ မေမြတ်နိုးဆိုတာလည်းမသိသလို၊ Country Director ဆိုတဲ့ မလှနုထွန်းဆိုတာလည်း မသိဘူးလေ။

ဒါပေမယ့် ကိုရီးယားနိုင်ငံက အဲဒီအဖွဲ.အစည်းက မြန်မာနိုင်ငံကိုယ်စားပြုခဲ့သူ Miss
Asia Pacific World ဆုရှင် မေမြတ်နိုးအား ဆိုပြီး သတင်းထုတ်ပြန်ချက်တစောင်
ကိုအင်္ဂလိပ်ဘာသာနဲ. ထုတ်ပြန်လိုက်ချိန်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြုသူ ဆိုတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော်တို. ပါဝင်လေ့လာမှုတွေပြုခဲ့ကြရပါတော့တယ်။

အဲဒီလိုလေ့လာလိုက်တယ်ဆိုရင်ပဲ အဲဒီ Asia Pacific Worldဆုပေးတဲ့ကိုရီးယားက သက်တမ်း(၄)နှစ်လောက်သာရှိသေးတဲ့ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တချို.ငွေကြေးထောက်ပံမှုနဲ. လုပ်ကိုင်နေကြတဲ့ သာမန် အဖွဲ.အစည်းတစ်ခုဆိုတာသိခဲ့ရပါတယ်။ အဲဒီအဖွဲ.က ရွေးချယ်တဲ့ Miss ရွေးချယ်ပွဲတွေမှာ ပြိုင်ပွဲဝင် Miss တွေနဲ.ပြသာနာတွေ မကြာခဏဖြစ်ခဲ့ဘူးတာတွေ၊ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ( ၀ီကီလိဒ် ) စာမျက်နှာမှာဖော်ပြထားတာ တွေ.ရပြန်ပါတယ်။ ပထမဆုံးနှစ်မှာပဲ ကိုရီးယားအလှမယ် ဂျန်အန်းအာ ထိပ်ဆုံးအဆင့်ဝင်နိုင်ဖို့ ကာမကို အလှူတော်ပေးခဲ့ရတယ်စွပ်စွဲခံရပြီး ပြိုင်ပွဲကနေနုတ်ထွက်၊ဗြိတိန်အလှမယ် အေမီဝီလာ
တန်ကလည်း ပြိုင်ပွဲစီစဉ်သူတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားဖို့ကြံစည်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးသိအောင်ပြောထားတာတွေ တွေ.ရပြန်ပါတယ်။

APW organization Korea က ပွဲလုပ်တာ သုံးနှစ်ဘဲရှိပေမယ့် မေမြတ်နိုးနဲ့ပါဆိုရင် သရဖူသိမ်းတဲ့ အဖြစ်မျိုးက ၃ ကြိမ်ရှိပြီလို. သတင်းမီဒီယာတွေမှာ ဖတ်မှတ်လေ့လာမိပြန်ပါတယ်။

ယခုလို မြန်မာနိုင်ငံကိုယ်စားပြု Miss မေမြတ်နိုးကို သူရဖူပြန်သိမ်းရခြင်းရဲ.အဓိကအကြောင်းရင်းက “သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ်” လို.APW organization ရဲ. ဥက္ကဋ္ဌ Lawrence Choi ကပြောကြားပါတယ်လို. TheNation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်ကို ဧရာဝတီသတင်းဌာနကဖော်ပြ
ထားတာကိုလည်းဖတ်လိုက်ရပါတယ်။

အသက်လိမ်ထားပါတယ်ဆိုတဲ့အချက်ကို မေမြတ်နိုးကပြန်လည်ရှင်းလင်းရာမှာလည်း“သူ၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ သူ.အသက်(၁၆)နှစ်သာဖောင်ဖြည့်ခဲ့ပေမယ့် ကိုရီးယားရောက်ပြီး ပြိုင်ပွဲဝင်ကာနီးမှ National Director က (၁၈) နှစ်ဖြည့်ထားတာသိရတယ် “ လို.ရှင်းလင်းထားသလို၊ မလှနုထွန်းကလည်း ကိုရီးယားအဖွဲ.အစည်းကို မေမြတ်နိုး(၁၆)နှစ်ဖြစ်ကြောင်း ကြိုတင်ပြောပြထားပြီး ကိုရီးယားဘက်က မိဘသဘောတူရင် ရတယ်ဆိုလို. ပြိုင်ခိုင်းတာပါလို. ရှင်းထားပြန်
ပါတယ်။

ဒါဆိုရင် ကိုရီးယားအဖွဲ.အစည်းက အရင်ကတည်းက National Director ရဲ.ကြိုတင် အကြောင်းကြားထားချက်အရ သိပြီးသားကိစတစ်ခုကို အခုမှ အသက်လိမ်ထားလို.
ဆိုတာသူတို.ဘက်ကမရိုးသားဘူးလို.မြင်သာလာပါတယ်။ နောက်ပြီး မေမြတ်နိုးရဲ.
နိုင်ငံကူးလက်မှတ်- Passport မှာ မွေးသကရာဇ် ပါရှိပြီးသားဖြစ်ပါလျက် အသက်လိမ်
ပါတယ်ဆိုပြန်တာကလည်း စဉ်းစားစရာပါပဲ။

ဧရာဝတီသတင်းဌာနရဲ.ဖော်ပြချက်မှာလည်း မေမြတ်နိုးနဲ့ပတ်သက်တဲ့ အသက်ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း (၁၆) နှစ် အဖြစ် ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောရှိတဲ့ ဓာတ်ပုံတပုံကို တွေ့ရပါတယ်။ ဒါဆိုရင် အစောကြီးကတည်းက အသက်(၁၆)နှစ်မှန်းသိလျက်နဲ. လက်ခံခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊ မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့ မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။

သူတို.ဘက်က ကိုရီးယားဘာသာနဲ.မှတ်တမ်းစာအုပ်မှာတောင် ရိုက်နိုပ်လက်ခံသိထား
ခဲ့ပြီး အခုမှ အသက်လိမ်ထားလို. သရဖူပြန်တောင်းရတယ်ဆိုတာ သူတို.ဘက်က စာအုပ်ထဲမှာတောင် (၁၆)နှစ်လို. ရိုက်နိုပ်ဖော်ပြခဲ့ပြီး အခုမှ အသက်လိမ်လို.ပါဆိုတာဥပဒေအရ ကိုရီးယားအဖွဲ.အစည်းဟာ လိမ်ညာမှုမြောက်နေပါတယ်။

နောက်တစ်ခုက ခေတ်သစ်လူကုန်ကူးမှုလို.ခေါင်းစဉ်တပ်လို.ရတဲ့လုပ်ငန်းရှင်သူဌေးကြီးတွေနဲ.ပျော်ပါးပေးရမယ် စပွန်ဆာရှာရမယ်ဆိုတဲ့ ကိစကို မေမြတ်နိုးက သူ.ရဲ.သတင်းစာရှင်းလင်းပွဲမှာ ချပြလိုက်တယ်။ ကိုရီးယားနိုင်ငံမှာတင်မက ဂျပန်နိုင်ငံကသူဌေးကြီးတွေဆီပါ ပျော်ပါးပေးရမယ့်အကြောင်း ဖွင့်ပြလိုက်တယ်။ ဒါကို CountryDirector မလှနုထွန်းက ပြန်ရှင်းတာတော့ တလွဲကြီးဖြစ်နေတယ်။ လှနုထွန်းက အနုပညာရှင်တွေအနေနဲ.ထုတ်လုပ်ပေးမယ့် တေးထုတ်လုပ်သည့်ကုမဏီကို စပွန်ဆာရှာရမှာပေါ့လို. မြန်မာနိုင်ငံက တေးစီရီးထုတ်လုပ်ပုံတွေနဲ.နှိုင်းယှဉ်ပြီး ရီရီမောမော ပြန်ရှင်းသွားပေးမယ့် မေမြတ်နိုးပြောတဲ့ စပွန်ဆာဆိုတာ ခနာကိုယ်နဲ.ရင်းနှီးပေးရမယ့်စပွန်ဆာလုပ်ပေးရမယ်လို. တိုက်ရိုက်ရည်ညွှန်းပြောတာပါ။ လှနုထွန်းကတော့ ထုတ်လုပ်သူလုပ်ငန်းကုမဏီစပွန်ဆာ ရှာရမှပေါ့လို. လူစပွန်ဆာကို လိင်နဲ.ရှာပေးရမှာ
ကို လုပ်ငန်းစပွန်ဆာရှာရမှာပါလို. မိုးကြိုးပစ်တာကို ထန်းလက်နဲ. ကာကွယ်ဖြေရှင်းလိုက်တယ်လို. သုံးသပ်မိပါတယ်။

နောက်ဆုံးတချက်ကတော့ မေမြတ်နိုးရဲ. ခနာကိုယ် ရင်သားခွဲစိတ်မှုကိစကို ပြောဆို
လာခဲ့ပါတယ်။ ဒီကိစဟာ အလှမယ်အဖြစ် လက်ခံ၇ရှိခဲ့တဲ့အတွက် သူရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးကို သူ.စိတ်တိုင်းကျအသုံးချမှုတစ်ခုလို.ထင်မြင်မိတဲ့အပြင်လူ.အခွင့်အရေးရှူထောင့်ကကြည့်ရင်လည်း မေမြတ်နိုးရဲ. ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကိစပါ။ ဒါကို ကိုရီးယားဘက်က မြန်မာမိန်းခလေးတစ်ယောက် ရင်သားပြုပြင်သည်ဖြစ်စေ၊ မပြုပြင်သည်ဖြစ်စေ သူ Miss Asia Pacific World ရထားသူတစ်ယောက် လုပ်ခွင့်ရှိတဲ့အခွင့်အရေးကို ရယူတာကို အရှက်ခွဲသိက္ခာကျစေတဲ့ ထုတ်ပြန်ချက်လို.တွေ.ရပါတယ်။
ကိုရီးယားဘက်က အခုလို ငါနဲ.မတည့်ရင် ငါ့အိုးဗုတ်ပြန်ပေး ဆိုသလို အရှက်ခွဲသိက္ခာ
ကျအောင် ထုတ်ပြန်ခဲ့တာလို. သုံးသပ်နိုင်ပါတယ်။ နောက်ဆုံး မေမြတ်နိုးရဲ.ဓါတ်ပုံလို. ယူဆရတဲ့ ဆေးခန်းတစ်ခုကပုံတွေ လူမှုကွန်ယက်ကတဆင့် ဖြန်.လာပါတယ်။ ဒါဟာလည်း နိုင်ငံတကာ Cyber Crimeအရအရေးယူနိုင်တဲ့ဖြစ်ရပ်ပါ။ ယနေ.ပြည်တွင်းမှာတောင်မဖွယ်မရာပုံတွေ အွန်လိုင်းတင်လို.ထောင်ချအပြစ်ပေးတာတွေလုပ်နေချိန်မှာမြန်မာအမျိုးသမီးလေးတစ်ဦးရဲ. ယခုလိုဓါတ်ပုံကိုတင်ခြင်းအတွက်လည်း ကိုရီးယားအဖွဲ.အစည်းကို နိုင်ငံတကာ Cyber Crime နဲ. အရေးယူလို.မရဘူးလို. သိချင်လာပါတယ်။

မေမြတ်နိုးက သရဖူပြန်ပေးရေးဆိုတာ ပတ်သက်ပြီး “‘‘ကိုရီးယားအဖွဲ့က ဒီလို အသရေ
ဖျက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီးတော့
မီဒီယာမှ သရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတဲ့ဥစ္စာကို ရေးထားတာ မေမြတ်နိုး
လို့ ရေးထားတာမဟုတ်ဘဲနဲ့ မြန်မာအလှမယ်ကလို့ ရေးထားတာက မြန်မာနိုင်ငံကို
စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေပြီးတော့ သူတို့ အမှားက သမီးအမှားပါ
လို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချစေတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ သမီးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တောင်းပန်စာပေးမှ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောကြားချင်ပါတယ်ရှင်’’ ဟု စက်တင်ဘာ ၂ ရက်
နံနက် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ ကိုရီးယားအဖွဲ.အစည်းက သူတို.ဘက်က
မတောင်းပန်နိုင်တဲ့အပြင် ဘောင်ကျော်လာပြီး မြန်မာနိုင်ငံမှာတောင် အမှုဖွင့်အရေးယူဖို.
တိုင်ကြားတော့မယ်ဆိုတာပါပဲ။

မကြာသေးခင်က လှိုင်သာယာမှာ ကိုရီးယားလူမျိုးပိုင်တဲ့ စက်ရုံတစ်ခုကို အကြောင်းမဲ့
ပိတ်ပစ်ပြီး ထွက်ပြေးသွားလို. မြန်မာနိုင်ငံသားအလုပ်သမား(၈၀၀) လောက် လျော်ကြေး
မရ၊ လစာမရ ဒုကဖြစ်ခဲ့တာတောင် ကျွန်တော်တို.အစိုးရက ကိုရီးယားသံရုံးကတဆင့် ကန်.ကွက်နေတာလောက်သာ သံတမန်အရေးအရ ဆောင်ရွက်နိုင်နေခဲရပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World ထိုက်ထိုက်တန်တန်ရခဲ့တဲ့ မြန်မာနိုင်ငံသူတစ်ယောက်ကို မြန်မာနိုင်ငံလာပြီး သရဖူမရလို. အမှုဖွင့်မယ်ဆိုတာကတော့ သိပ်လွန်လာပြီလို. ထင်ပါတယ်။

တင်ပြချင်တာကတော့ နိုင်ငံတော်အစိုးရသည် နိုင်ငံသားများရဲ.အသက်အိုးအိမ်စည်းစိမ်
နဲ. နိုင်ငံသားများရဲ. ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် တာဝန်အပြည့်အ၀ရှိပါတယ်။ ယခုဖြစ်ရပ်အပေါ်မှာသုံးသပ်ကြည့်ပါက ပြည်တွင်းက Country Director ဆိုတာလည်း ဘယ်လိုဥပဒေနဲ.မှတ်ပုံတင်ပြီး ဘယ်လိုတရားဝင်ဆောင်ရွက်ခွင့်ပြုသလဲဆိုတာ
တာဝန်ရှိသူများ စိစစ်ဖို.လိုအပ်ပါတယ်။

ဥပမာအားဖြင့် နိုင်ငံခြားကုမဏီတစ်ခုမှ မြန်မာနိုင်ငံသားတစ်ဦးကို ပြည်ပကုမဏီရဲ.Business Director ခန်.အပ်မယ်ဆိုရင်သက်ဆိုင်ရာသံရုံးခွင့်ပြုချက်တွေ၊ကုမဏီမှတ်ပုံတင်အထောက်အထားတွေနဲ.ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနသို.ဖြစ်စေ၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို.ဖြစ်စေaလျှာက်ထားရပါတယ်။ လျှောက်ထားချိန်မှာလည်း သူတို.ဘက်က ပြည်တွင်းကိုယ်စားလှယ်ကို လစာဘယ်လောက်ပေးပါ့မယ်ဆိုတာမျိုး တိတိကျကျ ပါဝင်ရသလို၊ ပြည်တွင်းက Country Director (or) Country Manager တွေကလည်း ရရှိတဲ့ နိုင်ငံခြားငွေလစာအပေါ် အခွန်ဆောင်ကြရပါတယ်။

ဒါကြောင့် ယနေ. နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေအတွက် စီစဉ်နေကြတဲ့ Country
Director ဆိုတာတွေကို မည်သည့်ဝန်ကြီးဌာနက မည်ကဲ့သို. ဥပဒေနဲ.အညီ စိစစ်ပြီး တရားဝင်ခွင့်ပြုပေးခဲ့သလဲဆိုတာ ပွင့်လင်းမြင်သာစွာသိရှိလိုလာပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးဆိုတာ မြန်မာ့အလှမယ်လေးတွေ သွားရောက်
ယှဉ်ပြိုင်ကြတဲ့အခါမှာလည်း မြန်မာနိုင်ငံကိုကိုယ်စားပြုခြင်းအတွက် နိုင်ငံတော်အစိုးရ
တာဝန်ရှိသူများအပိုင်းမှ ဘယ်လိုခွင့်ပြုချက်ပေးသလဲဆိုတာ သိချင်လာပါတယ်။ ဆိုလိုချင်တာက နိုင်ငံတကာ Miss ပြိုင်ပွဲတိုင်းမှာ နိုင်ငံကို ကိုယ်စားပြုပြီးသာဝင်ပြိုင်ကြရတာမို. သူ.ကိုယ်စားပြုမှုရဲ.နောက်မှာ သူ.ရဲ.နိုင်ငံ . ဂုဏ်သိက္ခာဟာတွဲဖက်ပါဝင်မှာပါ။

ဘာမှန်းညာမှန်းမသိ ဘယ်သူကခွင့်ပြုမှန်းမသိပဲမြန်မာနိုင်ငံကိုယ်စားပြုလို.ရကြေးသာ
ဆိုရင် Tomorrowဂျာနယ်က ဇော်သက်ထွေး၊ဇာဂနာ၊မာဂျေ၊ကျော်စွာမြင့်တို.လူစုပြီး
ဘောလုံးတစ်သင်းဖွဲ.ကာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု
ဆိုပြီး သွားကန်နေကြရင် ဘယ်လိုလုပ်မလဲ။ ခွင့်ပြုမှာလား။ အားကစားဝန်ကြီးဌာနနဲ. မြန်မာနိုင်ငံဘောလုံးအဖွဲ.ချုပ်ကို ခွင့်ပြုချက်တောင်းစရာမလိုပဲ လုပ်နိုင်မလား။ ဒါမျိုးသာဆိုရင် လူတိုင်းနိုင်ငံတကာက နေ.စဉ်လုပ်နေကြတဲ့ ပြိုင်ပွဲအမျိုးမျိုးမှာ မြန်မာနိုင်ငကိုယ်စားပြုဆိုပြီး သွားပြိုင်နေကြ၊ အငြင်းပွားပြသာနာဖြစ်ကြ၊ အမှုတွေဖွင့်လိုက်ကြဖြစ်နေမှာပေါ့။

နိဂုံးချုပ်အနေနဲ. ယခု မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World မေမြတ်နိုးနဲ. ကိုရီးယားနိုင်ငံက APW organization တို.ဖြစ်ပွားနေတဲ့ အငြင်းပွားမှုပြသာနာအပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် တာဝန်ရှိသူများမှ လှစ်လျူရှူမနေပဲ ပါဝင်စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်သင့်ပါတယ်။

ဒါမှသာ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်မှုများပြုလုပ်နိုင်မာည့်အပြင် တခြားသော
နိုင်ငံခြားတိုင်းပြည်များမှလည်းမြန်မာနိုင်ငံရဲ.တရားဥပဒေစိုးမိုးရေးနဲ. နိုင်ငံသားများ
အခွင့်အရေးကိုကာကွယ်ပေးမှုများ အပေါ် လေးစားမှုများ ရှိလာမည်ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံသားတွေကို နိုင်ငံခြားသားတွေက တိုင်ချင်သလိုတိုင်၊ စွပ်စွဲချင်သလိုစွပ်စွဲ ဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

နောက်နောင်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး မည်သည့်ပြိုင်ပွဲမဆို စေလွှတ်ယှဉ်ပြိုင်
မည်ဆိုပါက သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအပါအ၀င် ၀န်ကြီးဌာနထောက်ခွံခင့်ပြုချက်
များ၊ သက်ဆိုင်ရာ နိုင်ငံများရဲ.သံရုံးထောက်ခံချက်ချက်များ၊ ပြိုင်ပွဲကျင်းပသည့်အဖွဲ.
အစည်းရဲ. အထောက်အထားအချက်အလက်များကို စိစစ်ပြီးမှသာ ခွင့်ပြုပေးသင့်ကြောင်း
( မြန်မာနိုင်ငံကိုယ်စားပြုဆိုတာကြီးတွေ မလုပ်ကြပါနဲ.တော့ ) လို. နိုင်ငံသားတစ်ယောက်
အနေနဲ. အကြံပြုတင်ပြလိုက်ရပါသည်။

ကျော်စွာမြင့်
( ၁၉၈၈-၁၉၉၂ ဗ.က.သ )
( Tomorrow သတင်းဂျာနယ်အမှတ်(၂၈)ပါဆောင်းပါး )

0 comments:

Post a Comment