ကမ္ဘာမြေကိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတဲ့ နေမုန်တိုင်း

နေပေါ်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် ကမ္ဘာမြေပေါ်မှာအခုရက်ပိုင်းအတွင်း မှာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့ အထိ သံလိုက်မုန်တိုင်းဖြစ်ပွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေခန့်မှန်းလိုက်ပါတယ်။ ဖြစ်ပွားလာ နိုင်တဲ့ သံလိုက်မုန်တိုင်းကြောင့် ရေဒီယိုနဲ့ဂြိုလ်တုဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်ပွားလာနိုင် တယ်လို့သိပ္ပံပညာရှင် တွေကပြောပါတယ်။

နေပေါ်မှာဖြစ်ပွားနေတဲ့ မုန်တိုင်းပေါက်ကွဲမှုကြောင့် တစ်ကိုယ်ရေသုံး အီလက်ထရောနစ်ပစ္စည်းတွေမှာ စနစ်ချို့ယွင်းမှုတွေဖြစ်ပေါ်လာဖို့တော့ သိပ်မရှိနိုင်ပေမယ့် ဒီကနေ့နှောင်းပိုင်းနဲ့ စနေနေ့အစောပိုင်းတွေမှာ လှပတဲ့ရောင်စဉ်တန်းတွေကို ကမ္ဘာမြေပေါ်ကနေ တွေ့မြင်နိုင်တယ်လို့လည်း သိရပါတယ်။

အဲဒီနေဖြစ်စဉ်ကြောင့် ကမ္ဘာမြေပေါ်မှာမထင်မှတ်ထားတဲ့ ထိခိုက်မှုတွေရှိ နိုင်တာကြောင့် ဒီဖြစ်စဉ်ကို သေသေချာချာစောင့်ကြည့်နေတယ်လို့ သမုဒ္ဒရာနဲ့လေထုဆိုင်ရာ အမျိုးသားအုပ်ချုပ်ရေးအဖွဲ့ လက်အောက် ရှိ အာကာသ မိုးလေ၀သ အခြေအနေခန့်မှန်းရေးဆိုင် ရာ ညွှန်ကြားရေး မှူးချုပ် "သောမတ်စ်ဘာဂါ"က ပြောပါတယ်။ဆိုလာမုန်တိုင်းဟာ တနင်္လာနေ့မှာအသေးစား ပေါက်ကွဲမှုလေးတစ်ခုနဲ့စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အကြီးစားပေါက်ကွဲမှုတစ်ခုပါ ဆက်လက်ဖြစ်ပွားခဲ့ တယ်လို့ဆိုပါတယ်။


MRTV-4

0 comments:

Post a Comment