နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး

နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာ
မျိုးဖြစ်နေတာနဲ့ ဖတ်မိတာလေးများကို အရေးရှိရင် ပြန်ကြည့်ရအောင် တင်ဖြစ်သွားတာ
မနည်းဘူး။ ကောင်းမယ်ထင်တာများ ထပ်တွေ့ရင်လဲ ထပ်စုထားဦးမှာပါ။ တချို့ဖတ်မိတဲ့
နည်းလမ်းလေးများလည်း မနည်းဘူး။ ဒါပေမယ့် များတာနဲ့ မတင်ဖြစ်သေးဘူး။ ဂျာမန် ဆ
ရာဝန်များကလည်း သေညှိုး ဖြစ်လာခဲ့ရင် နှလုံးသွေးကြောပိတ်ဖို့ သိပ်မဝေးတော့ဘူး လို့
ပြောဆိုထားတာလည်း တွေ့မိပါရဲ့။ အဲဒါမျိုး ဖြစ်ရင်တော့ သတိထားကြရမှာပေါ့။


ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေ
ဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များ
လာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့
အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။
၂၀၀၈.ခုတုန်းက အထူးကုဆရာဝန်ကြီးနဲ့ တကိုယ်လုံးကို ဘာရောဂါများ ရှိလဲလို့ ဓာတ်
မှန် ငါးမျိုးလောက် ရိုက်ပြီး ဆေးစစ်ခဲ့တာ ဘာရောဂါမှ မရှိဘူးတဲ့၊ နှလုံးကတော့ အားနည်း
နေတယ် ပြောတယ်။ ကျနော်က ညဘက် အအိပ်နည်းတယ်လို့ အရင်ထဲက ညဥ့်နက်မှ
အိပ်ပြီး အခု လေးငါးနှစ်မှာဆို မနက် ၄ နာရီ ၅ နာရီလောက်မှ အိပ်တာများတယ်၊ အစော
အစောဆုံး အိပ်တဲ့ နေ့ဟာ ၄ နာရီလောက် ဖြစ်နေတယ်လို့ ပြောတော့ ဆရာဝန်က ဘာ
မှ မပြောတော့ဘူး။ ဆေးယူဦးမလားတောင် မေးတယ်။ မယူချင်ရင်တောင် ရသလို ပုံစံ
ပြောတယ်လေ။ အဓိက အအိပ်မမှန်လို့ နှလုံးအားနည်းတဲ့ သဘောပေါ့။
အဲဒီမှာ နှလုံးအားဆေး တလစာ ဝယ်ခဲ့ပါတယ်။ သောက်တာ အတော်လေး လန်းတယ်။
ပြတ်သွားတော့ ဆက်မစားဖြစ်တော့ဘူး။

ကျနော့်မှာ လက်ကိုင် စွဲထားတဲ့ ဆေးနည်း တခုရှိတယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ သံပုရာသီးပဲ။ အဲဒီနည်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက ပြည်က အမေကြီး တယောက်က သူကိုယ်တိုင် ပျောက်ခဲ့လို့ ပေးခဲ့တာပါ။ ကျနော် မေ့လဲကျချိန်ထဲကသုံးဖူးတယ်။ ကောင်းတယ်။ ကောင်းသွားရင် ပစ်
ထားလိုက်တာပဲ။ ဖြစ်လာရင် ပြန်သောက်လိုက် လုပ်နေတာ အခုထိဆိုပါတော့။
နည်းက မခက်ပါဘူး။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တ
လုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်တယ်။ အဲ
ဒါကို ရေနွေး အေးခါနီးနီးရင် သောက်လို့ ရပြီ။ အေးသွားလဲ ကျန်တာများကို တနေကုန်
ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်း
တယ်။ ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး)တလုံးပဲ သောက်တယ်။ နှစ်
ရက် သုံးရက်လောက် သောက်လိုက်ရင် သိသာသွားတယ်။ နောက်ရက်ဆို ကောင်း
သွားတာပါပဲ။ ကျနော် စဖြစ်လို့ သောက်တုန်းကတော့ တပတ်လောက် သောက်ခဲ့
တာပါ။ တပတ်နဲ့ ကောင်းသွားလို့ ပစ်ထားလိုက်တာ။ ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလို
နေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့ အတော်လေးကို ကောင်းတယ်။
သောက်ချင်တဲ့ မိတ်ဆွေများနဲ့ နီးစပ်ရာများကို ဆင့်ကမ်းချင်ရင် အလွယ်တကူ
အသုံးပြုနိုင်ဖို့ပါ။ သွေးတို့ လေငန်းတို့ ကာကွယ်တဲ့ အနေနဲ့ အခွံနဲ့ အစေ့များကိုပါ
ဝါးစားနိုင်ရင် ကောင်းတယ်။ သွေကျနေရင်တော့ အစေ့ကို မစားပါနဲ့။ အခွံက
တော့ လေကောင်းတယ်လေ။ သံပုရာအချဉ်ဓာတ်ကတော့ နှလုံးသွေးကြောမှ အဆီများကို ဖယ်ရှားပေးလိုက်တာပါပဲ။
သံပုရာသီး အသုံးဝင်တဲ့ အစွမ်းတွေကတော့ အများကြီးပါ။ နှလုံးနဲ့ ပတ်သက်တာ
လေးကို သုံးချင်သူများအတွက် မျှလိုက်တာပါ။

Myawaddy Health

0 comments:

Post a Comment