မော်လမြိုင်မြို့မှ အမျိုးသမီးသုံးဦး မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရ


မွန်ပြည်နယ် မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက် အထက် လမ်းမကြီးနေ မ---- (၂၄နှစ်)သည် မိမိအား မလေးရှားနိုင်ငံမှ ထမင်းဆိုင်တွင် သွားရောက် အလုပ် လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် လေးသိန်း ရမည်ဟု မော်လမြိုင်မြို့ မုပွန်ရပ်ကွက် (၃) လမ်းနေ ဒေါ်နီလာဝင်း (၃၄ နှစ်)နှင့် မုပွန်ရပ်ကွက် ပေါ်တော်မူကျောင်း လမ်းနေ ဒေါ်ညို (၄၅နှစ်)တို့က ပြောဆိုသဖြင့် သူငယ်ချင်းမ--- နှင့် မ----- တို့ သုံးဦးတို့သည် ဩဂုတ် ၁၈ ရက်တွင် ၎င်းတို့သုံးဦးကို ဒေါ်နီလာ ဝင်းနှင့်အတူ ကော့သောင်းမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံ ကလန်းမြို့ ကံဘူဂျာဝါ ရပ်ကွက် တနင်္လာဈေး အနီးရှိ ဒေါ်နီလာဝင်း၏ ခင်ပွန်းဖြစ်သူ ဦးစန်းယု၏ နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးကို မလေးရှားနိုင်ငံတွင် ပြည့်တန်ဆာ အဖြစ် ၁၂ ရက်ခန့် ခိုင်းစေခံရပြီးနောက် ၎င်းအလုပ်ကို မလုပ်ချင်၍ မိတ်ဆွေ တစ်ဦး၏ အကူအညီဖြင့် ပြန်လာခဲ့ကြောင်း၊ မ----မှာ ဒေါ်နီလာဝင်း၏ နေအိမ်တွင် ကျန်ခဲ့ပြီး မ----မှာ ပီနန်ရှိ ၎င်း၏ မိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ကျန်ခဲ့ကြောင်း၊ ၎င်းတို့အား မလေးရှားနိုင်ငံရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ပြောဆို စည်းရုံးခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် စေခိုင်းခဲ့သူ ဒေါ်နီလာဝင်းနှင့် ဒေါ်ညိုတို့နှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် မ----က အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မုပွန် ရဲတပ်ဖွဲ့စခန်းမှ ဒေါ်ညိုနှင့် ဒေါ်နီလာဝင်းတို့ နှစ်ဦးအပေါ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
MOI

0 comments:

Post a Comment