လက်ရှိ မြန်မာနိုင်ငံ အတွင်း အလှကုန် တင်သွင်းသော ကုမ္ပဏီ များနှင့် ပြည်တွင်း အလှကုန် ဈေးကွက်အတွင်း သို့ လမ်းကြောင်း အမျိုးမျိုးမှ ရောက်ရှိ နေသော အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ ထဲမှ အဓိက အသုံးပြု နေသည့် နှုတ်ခမ်းနီ ဆိုးဆေးများ ထဲတွင် အချို့သော အမှတ် တံဆိပ်များမှာ ကင်ဆာ ဖြစ်စေသော ခဲဓာတ်များ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရ သည်ဟု သိရသည်။
နှုတ်ခမ်းနီ ကုမ္ပဏီကြီး တစ်ခုက ၄င်းတို့ ထုတ်လုပ်သည့် နှုတ်ခမ်းနီ များထဲတွင် ခဲဓာတ်များ ပါဝင် နေမှုကြောင့် အမေရိကန် ဒေါ်လာ ၆၇ ဒေါ်လာမှ ၉ ဒသမ ၉ဝ ဒေါ်လာ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။

ဈေးကွက် အတွင်းရှိ ခဲသတ္တုဓာတ် ပါဝင်သည့် နှုတ်ခမ်းနီ အမျိုးအစားမှာ ကိုးမျိုး ရှိပြီး ၄င်းတို့မှာ Clinique , Estee Lauder , Shi Seido , Red Earth ( Lip Gloss ) , Cnanel ( Lip Conditioner ) , Mark America , Motives , Lipstick နှင့် Avon စသည်တို့ ဖြစ်ကြောင်း သိရသည်။
''လူတိုင်းကတော့ လှပနုပျိုချင် ကြတာပါ။ ဒါပေမဲ့ ကိုယ်ကျိုးရှာ ဝိသမ လောဘသား တွေရဲ့ စီးပွားရေး ဆန်ဆန် ထုတ်လုပ် ရောင်းချမှုတွေ အတွက်တော့ သတိထားတာ အကောင်းဆုံး ပါပဲ ... '' ဟု နှုတ်ခမ်းနီ များတွင် ပါဝင်သော ခဲဓာတ်ကြောင့် ကင်ဆာ ဖြစ်ပွားခြင်း အကြောင်းရင်း ကို ရှာဖွေ တွေ့ရှိခဲ့သူ အမေရိကန် မှ ဆေးဝါး ကျွမ်းကျင်သူ ဇီဝအနုစိတ် ပညာရှင် Dr. Elizabeth Ayoub က သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။
နိုင်မင်းညို (ရပ်စောက်)
PyiChitThar
0 comments:
Post a Comment