ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂ဝ၁၄ ခုနှစ် တတိယ သုံးလပတ် ကာလ (ကိုးလ) အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သုံးရာကျော် အထိ ဖမ်းဆီး နိုင်ခဲ့ပြီး အမှုကြီး အမျိုးအစား တွင် ပါဝင်သည့် လူသတ်မှု တစ်ရာ့ လေးဆယ်ကျော် အထိ ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု နှင့် ပတ်သက်ပြီး အများဆုံး ဖမ်းဆီး ရမိသည့် မြို့နယ်များမှာ မင်္ဂလာ တောင်ညွန့်၊ တာမွေ၊ ဒဂုံမြို့သစ် တောင်ပိုင်း တို့ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များမှာ စိတ်ကြွဆေးပြား နှင့် ဆေးခြောက် တို့ ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးမှု ၃၂၄ မှုတွင် အမျိုးသမီး ၅၃ ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၈၅ ဦးကို ဖမ်းဆီး အရေးယူ ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း ငွေကျပ်သန်း
ပေါင်း ငါးထောင် တန်ဖိုးရှိ မူးယစ်ဆေးဝါး မှု ၂၈၆ မှု ဖမ်းဆီး ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ငွေကျပ် သန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမှု ၃၂၆ မှုကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အမှုကြီး စာရင်းဝင် လူသတ်မှု ဖြစ်ပွားသည့် အရေအတွက် သည် ၂ဝ၁၂ ခုနှစ်တွင် ၁၆၄ မှု၊ ၂ဝ၁၃ ခုနှစ်တွင် အမှု ၁၃ဝ ဖြစ်ပွားခဲ့ပြီး ယခုနှစ် ကိုးလတာ အတွင်း ၁၄၈ မှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ယခင်နှစ် များထက် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။ လူဦးရေ ပိုမို များပြားကာ နေ့စဉ်တိုးပွား နေသည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အမှုအခင်း များကို ထိန်းချုပ် နိုင်ရန် ရဲအင်အား လုံလောက်မှု မရှိခြင်း နှင့် ပြည်သူ ပါဝင်သည့် ရဲလုပ်ငန်း စနစ် ကျင့်သုံးနိုင်မှု အားနည်းနေခြင်း သည်လည်း ထိုကဲ့သို့ မှုခင်းများ တိုးပွားရန် အခြေခံ အချက်များ ဖြစ်ကြောင်း လေ့လာ သူများက ပြောပြသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယခုနှစ် ဇန်နဝါရီ၁ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ (၉)လတာ ကာလတွင် လူသတ်မှု ၁၄၈ မှု အပါအဝင် အမှုကြီး ၁ဝ မျိုး ဖြစ်သည့် ဓားပြမှု လေးမှု၊ လုယက်မှု ၃၇ မှု၊ အဓမ္မမှု ၁၁ဝ မှု၊ ဖောက်ထွင်းမှု ၂ဝ မှု၊ တိရစ္ဆာ န်ခိုးမှု ၁ မှု၊ လက်နက်မှု ၁ မှု၊ စုစုပေါင်း ၃၂၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ အဓမ္မမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန် ခိုးမှု၊ သစ္စာဖောက်မှု၊ လက်နက်မှု၊ မတရား အသင်း ဆက်သွယ်မှု စသည့် အမှုကြီး ၁ဝ မျိုး ဖြစ်ပွားမှု မှာ ၂ဝ၁၂ ခုနှစ်တွင် ၃၅၆ မှု၊ ၂ဝ၁၃ ခုနှစ်တွင် ၃၄၃ မှုနှင့် ယခုနှစ် ၉ လတာ ကာလအတွင်း ၃၂၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိအိအောင်
PyiChitThar
0 comments:
Post a Comment