“Captain America 3” ဇာတ်ကားထဲမှာ Iron Man အဖြစ် ပါဝင်သရုပ်ဆောင်ဦးမယ့် Robert Downey Jr.


ဟောလီးဝုဒ်စတား Robert Downey Jr. ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတော့မယ့် “Captain America 3” ဇာတ်ကားထဲမှာ Iron Man ရဲ့ ဇာတ်ကောင် Tony Stark အဖြစ် ပါဝင်သရုပ်ဆောင်ရန် နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးနေပြီလို့ သိရပါတယ်။

Robert Downey Jr. ဟာ ပြည်တွင်းစစ်တစ်ခုကို အခြေခံထားတဲ့ ဇာတ်လမ်းကို ကာတွန်းစာအုပ် ကနေ ဖန်သားပြင်ပေါ် ပြောင်းလဲရာမှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပြီး ထို ဇာတ်လမ်း ဟာ Marvel Studios ရဲ့ superhero ဇာတ်လမ်းတွေကို ပြောင်းလဲဖန်တီးထားတဲ့ အသစ်တစ်ခု ဖြစ်တယ် လို့သိရပါတယ်။

အဲဒီ ပြောင်းလဲမှု အသစ်ကတော့ Marvel က ထိုဇာတ်လမ်း ရဲ့ဇာတ်ညွှန်းမှာ Iron Man ဇာတ်ကောင် Tony Stark ကို Chris Evans သရုပ်ဆောင်ထားတဲ့ Captain America ရဲ့ ကွဲပြားတဲ့ဇာတ်ကောင် တစ်ခုဖြစ်တဲ့ Steve Roger နဲ့ ဆန့်ကျင်ဘက် ဖြစ်အောင် ဖန်တီးထားပြီး သူတို့ဟာ စွမ်းအားရှင် လူသားတွေရဲ့ အစွမ်းအစ တွေနဲ့ တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ကာ အမေရိကန် အစိုးရကို သူတို့ဘယ်သူလဲသိအောင် ဖော်ပြပြီး လုပ်ပိုင်ခွင့်တွေအတွက် ရဲ ၀န်ထမ်းအဖြစ် လုပ်ကိုင်ရမယ့် Superhero Registration Act နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ကို ၂၀၁၅ နွေဦးရာသီမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး Marvel ကုမ္မဏီ ဟာ ၂၀၁၅ ခုနှစ်မှာပဲ Civil War ဇာတ်လမ်းတို များကိုလည်း ထုတ်လုပ်သွားဖို့စီစဉ်ထားတဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Robert Downey Jr. ဟာ သူ့ရဲ့ စူပါဟီးရိုး ဇာတ်ကောင် ကို “The Avengers: Age of Ultron” နဲ့ “The Avengers 3” တို့မှာလည်း ပြန်လည်သရုပ်ထားတယ်လို့သိရပါတယ်။

Ref:starpulse.com
Trend

0 comments:

Post a Comment