ရော်နယ်ဒို ဖေ့စ်ဘွတ်ခ် Like လုပ်သူ သန်း ၁၀၀ ကျော်ပြီ

ဘောလုံး ကစားသမားတွေထဲက ရီးရဲလ်မက်ဒရစ် အသင်း နဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဖေ့စ်ဘွတ်ခ်ကို Like လုပ်သူ သန်း ၁၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

မက်ဆီက ဖေ့စ်ဘွတ်ခ် ပရိသတ် ၇၄ သန်းရှိပြီး၊ ပီအက်စ်ဂျီက ဇလာတန် အီဘရာဟီမိုဗစ် ကတော့ သန်း ၂၀ နီးပါး၊ မန်ယူ တိုက်စစ်မှူး ရူနီက ၂၅ သန်းနဲ့ ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပရိသတ် သန်း ၅၀ အသီးသီးရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ ရီးရဲလ်အသင်းက ဖေ့စ်ဘွတ်ခ် ပရိသတ် ၇၅ သန်း၊ မန်ယူက သန်း ၆၀ နီးပါး၊ အက်သလက်တီဂို မက်ဒရစ်က ၉ သန်းနီးပါး၊ ဘာစီလိုနာအသင်းက ၇၆ သန်း ကျော်၊ မန်စီးတီး အသင်းက ၁၆ သန်းကျော်ရှိပါတယ်။

ရော်နယ်ဒိုရဲ့ ဖေ့စ်ဘွတ်ကတော့ https://www.facebook.com/Cristiano ဖြစ်ပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment