ဆင်မျက်နှာဖြင့်လူသား




တရုတ်ပြည်မှာ ဆင်မျက်နှာဖြင့် လူသား the Chinese Elephant Man ဆိုတဲ့ လူ တစ်ယောက် ရှိပါတယ်။ အသက် အရွယ်အားဖြင့် ၃၇ နှစ် ရှိပြီ ဖြစ်ပြီး Huang Chuncai လို့ အမည်ရပါတယ်။ မွေးရာပါ ရောဂါ တစ်မျိုးကြောင့် မျက်နှာမှာ အသားပိုများအလွန်အကျွံထွက်လာပြီး လမ်းလျှောက်ဖို့ အတော်လေး မလွယ်ကူတဲ့ အနေအထား တစ်ခုထိတောင် ရောက်ရှိစေခဲ့ ပါတယ်။ 

မျက်နှာအလေးချန်က လေးနှစ်သား အရွယ်အလေးချိန် ရှိပြီး ၂၅ ကီလိုဂရမ် ရှိပါတယ်။ ဒါတောင် လက်တလောက ပြုလုပ်တဲ့ ခွဲစိတ် ပြုပြင်မှု အရ ၂၁ ကီလိုဂရမ်ကို ဖယ်ထုတ်လိုက်ခြင်း ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ့ အကြီးဆုံး၊ အလေးဆုံး မျက်နှာကို ပိုင်ဆိုင်ထားနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာနဲ့ ပက်သက် ပြီး ခွဲစိတ်ပြုပြင်မှုအကြောင်း ရုပ်သံကို ဗြိတိန်မှာ ပြသပြီး နာမည်ကြီးလာ ပါတယ်။ 

မျက်နှာရဲ့အလေးခိန်ကို ခါးက မသယ်နိုင်တာကြောင့် သွားလာဖို့အတွက် အကူအညီ လိုအပ်ပြီး အသက်ရှူရခက်ပါတယ်။ Guangdong ပြည်နယ်၊ Guangzhou မြို့က the Chinese Elephant Man ဟာ ယခုဆိုရင် စတုတ္ထကြိမ်မြောက် အော်ပရေးရှင်းပြီးစီးထားခြင်း ဖြစ်ပြီး နောက်ထပ် အော်ပရေးရှင်းများ ပြုလုပ်ဖို့ လိုသေးကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment